Main menu

Background

ဝမ်တန်ဖိုးမြင့်တက်မှုကြောင့် တောင်ကိုရီးယားသွင်းကုန်ဈေးကျဆင်း

Mon, 02/18/2013 - 07:07 -- ydnar

ဒေါ်လာနဲ့ဖလှယ်ရာမှာဝမ်တန် ဖိုးမြင့်တက်တဲ့အတွက် တောင်ကိုရီး ယား သွင်းကုန်တန်ဖိုးတွေ ဇန်နဝါရီလထဲမှာ သုံးနှစ်ကျော်ကာလအတွင်း အနိမ့်ဆုံးသို့ ကျဆင်းစေခဲ့ကြောင်းဖေဖော်ဝါရီ ၁၃ ရက်ကဗဟိုဘဏ် ထုတ် ပြန်ချက်အရ သိရ ပါတယ်။ ဝမ်ငွေကြေးနဲ့တန်ဖိုးဖြတ်ရင်သွင်းကုန်ဈေးနှုန်းတွေ ကယခင်နှစ်က ထက် ဇန်နဝါရီမှာ ၁၀ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ ၁၅ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့ဘူးတဲ့ ၂၀၀၉ ခုနှစ်အောက်တိုဘာ က နောက်ပိုင်းအနိမ့်ဆုံး ကျဆင်းခဲ့တာဖြစ် ကြောင်းဗဟိုဘဏ်ကပြောပါတယ်။ ယခင်ဒီဇင်ဘာနဲ့နှိုင်းယှဉ် ရင် သုည ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းပါတယ်။

ဝမ်တန်ဖိုးမြင့်တက်လာတဲ့အတွက် သွင်းကုန်တန်ဖိုးတွေက အောက် တိုဘာမှာ ၆ ဒသမ ၄ ရာခိုင်နှုန်း၊ နိုဝင်ဘာမှာ ၇ ဒသမ ၉ ရာခိုင်နှုန်းနဲ့ ဒီဇင် ဘာမှာ ၉ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ ဇန်နဝါရီလကတောင်ကိုရီးယားဝမ် က ဒေါ်လာနဲ့ဖလှယ်ရာမှာ၁ဒသမ ၁ရာခိုင်နှုန်းမြင့်တက်ပါတယ်။ပြည်ပက တင်သွင်း တဲ့ ကုန်ကြမ်းဈေးတွေက အရှေ့ပိုင်းလနဲ့နှိုင်းယှဉ်ရင်ဇန်နဝါရီမှာ ၁ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ပါတယ်။ ဇန်နဝါရီလမှာ ဒူဘိုင်းကတင်သွင်း တဲ့ ရေနံစိမ်းဈေး က ၁ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ပြီးတစ်စည်ကို ၁၀၇ ဒသမ ၉၃ ဒေါ်လာနှုန်း ကို ရောက်ရှိခဲ့တဲ့ အတွက်ဖြစ်ပါတယ်။ သွင်းကုန်ပစ္စည်းတွေ တန်ဖိုး ကျဆင်းတဲ့အတွက် လက်ရှိ ၂ ဒသမ ၇၅ ရှိတဲ့အခြေခံထားတဲ့အတိုးနှုန်းကို ဗဟိုဘဏ်ကထပ်မံလျှော့ချပေးဖို့အခွင့်သာ လာစေခဲ့ပါတယ်။ ဗဟိုဘဏ်က ယခင် နှစ်ဇူလိုင်နဲ့အောက်တိုဘာမှာ အတိုး နှုန်းကိုလျှော့ချပေးခဲ့ပြီးနောက် ဇန်နဝါရီကကျင်းပတဲ့အတိုးနှုန်းချမှတ်ရေး အစည်းအဝေးမှာဗဟိုဘဏ် အတိုးနှုန်းကိုချပေးခဲ့ပါတယ်။ ဘဏ္ဍာရေးတွန်း အားပေးအစီအစဉ်ကိုဆောင်ရွက်မယ် ဆိုရင်ငွေကြေးမူဝါဒ ရဲ့ထိရောက်မှုရှိပုံ ကိုတောင်ကိုရီးယားဗဟိုဘဏ်အုပ်ချုပ်ရေးမှူး ကင်ချွန်ဆူးကပြောကြားလျက် ရှိတဲ့အတွက် အတိုးနှုန်းထပ်မံချဦးမဲ့ လက္ခဏာကိုတွေ့နေရပါတယ်။ ဖေဖော် ဝါရီ လအကုန်မှာသမ္မတရာထူး လက်ခံပြီးနောက် အစိုးရသစ်က ဘဏ္ဍာရေး တွန်းအားပေးအစီအစဉ်တွေကို ကြေညာသွားလိမ့်မယ်လို့ ခန့်မှန်း ထား ကြောင်းရှင်ဝှာ သတင်းမှာ ဖော်ပြထားပါတယ်။