Main menu

Background

ဘတ်ငွေတန်ဖိုးမြင့်တက်မှုက ပြဿနာနဲ့ အခွင့်အလမ်းနှစ်ခုစလုံးကို ဖန်တီး

Mon, 02/18/2013 - 07:11 -- ydnar

ယခင်ရက်သတ္တပတ်များအတွင်း ကဒေါ်လာနဲ့ဖလှယ်ရာမှာဘတ်ငွေတန် ဖိုးမြင့်တက်ခဲ့ပါတယ်။ ဒေါ်လာတန်ဖိုး ကတစ်ဒေါ်လာကို ၂၉ ဒသမ ၆၀ ဘတ် နှုန်းအထိကျဆင်းခဲ့ပြီးနောက် ၂၉ ဒသမ ၇၀ ဘတ်ဝန်းကျင် ကိုပြန်လည်ဦးမော့ လာခဲ့ပါတယ်။ ဘတ်ငွေတန်ဖိုး လျင်မြန် စွာတိုးတက်လာမှုက ငွေကြေးတန်ဖိုးမြင့် တက်တဲ့အတွ က်ဖြစ်ပေါ်လာတဲ့ အနုတ် လက္ခဏာ ဂယက်ရိုက်မှုနဲ့ပတ်သက်တဲ့ စိုးရိမ်မှုတွေထိုင်းမူဝါဒရေးဆွဲသူတွေနဲ့ ပို့ကုန် လုပ်ငန်းတွေမှာဖြစ်ပွားခဲ့ပါတယ်။ ငွေကြေးစီးဝင်မှုတွေနှေးကွေးစေဖို့မဟုတ်၊ ထိန်းချုပ်ဖို့အတွက် ထိုင်းဗဟိုဘဏ်က အတိုးနှုန်းတွေ လျှော့ချသင့်တယ်လို့ တချို့ကပြောပါတယ်။ တချို့က မတည် ရင်းနှီးငွေကို ထိန်းချုပ် ဖို့အကြံပြုကြပါတယ်။

ထိုင်းဘတ်ငွေတန်ဖိုးတက်လာတဲ့ အတွက်နိုင်ငံခြားသားဝယ်လက်တွေရဲ့  အမြင်မှာထိုင်းပို့ကုန်လုပ်ငန်းတွေဈေး ကြီးနေတာကိုတွေ့ရပါတယ်။ ဒါပေမဲ့ သွင်းကုန်တွေရဲ့ဈေးနှုန်းလျော့ကျနိုင်ပါ တယ်။ စွမ်းအင်အတွက်ဈေးနှုန်းတွေ ကျဆင်းနိုင်ပါတယ်။ ပို့ကုန်လုပ်ငန်းတွေ မှာလယ်ယာထုတ်ကုန်တွေအပေါ်မှာ ပိုမိုအကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။ ပို့ကုန်လုပ်ငန်းတွေကကုန်ကြမ်းတွေဝယ် ယူတဲ့ဈေးကွက်ကိုဘတ်ငွေနဲ့တွက်ချက် တဲ့အတွက်ဘတ်ငွေနဲ့တွက်ချက် ရင်ဝင် ငွေကျလာတာကလယ်သမားတွေဖြစ် နိုင်ပါတယ်။ တစ်ချိန်တည်းမှာ သွင်းကုန်အများ ကြီးထည့်ရတဲ့လုပ်ငန်းတွေကသွင်းကုန်  ကုန်ကြမ်းတွေအသုံး ကိုလျှော့ချရမှာဖြစ် ပါတယ်။ ဒါမှသူတို့ရဲ့ကုန်ချောတွေရဲ့ ဈေးနှုန်းသက်သာမှာဖြစ်ပါတယ်။ ဒါပေ မဲ့အများစုကစက်မှု ကဏ္ဍထက်လယ်ယာ ကဏ္ဍကိုမှီခိုနေကြသူကပိုများပါတယ်။ ပို့ကုန်ဝင်ငွေကျလာတာသူတို့ကိုဆင်းရဲ တွင်းပိုနက်စေ ပါတယ်။ ထိုင်းဗဟိုဘဏ်က နိုင်ငံခြားငွေ တွေကိုဝယ်ယူခြင်းနဲ့ဈေးကွက်ထဲသို့ ဘွန်းစာချုပ်များထုတ်ရောင်းပြီး ပြည် တွင်းငွေကြေးလှည့်ပတ်မှုကိုထိန်းချုပ် ခြင်းတို့ဖြင့်ဘတ်ငွေတန်ဖိုးတည်ငြိမ် အောင်ထိုင်းဗဟိုဘဏ်ကကြိုးစားခဲ့ပါ တယ်။ ယခုအခါ ထိုင်းနိုင်ငံရဲ့နိုင်ငံခြား အရန်ငွေကြေးကဒေါ်လာဘီလီယံ ၂၀၀ (ဘတ် ၆ ထရီလီယံ) ရှိပါတယ်။ နိုင်ငံ ခြားအရန်ငွေကြေးကိုဘတ်ငွေနဲ့သတ် မှတ်ရင်ထိုင်းနိုင်ငံအတွက်အရှုံးထွက်ပါ တယ်။ ဒါပေမဲ့ ဘတ်ငွေတန်ဖိုးမြင့်တက် နေတာကိုအခွင့်ကောင်းယူနိုင်ဖို့အတွက် အခြေခံအဆာက်အအုံ တည်ဆောက် ရေးလုပ်ငန်းတွေကိုဆောင်ရွက်နိုင်ပါ တယ်။ သို့မဟုတ်ယှဉ်ပြိုင်နိုင်မှုစွမ်းရည် ပိုမိုမြင့်တက်လာစေ ဖို့အတွက် ပင်လယ် ရပ်ခြားမှာရင်းနှီးမြှုပ်နှံဖို့လိုပါမယ်။