Main menu

Background

အမေရိကန်လွှမ်းမိုးမှုကို ကျော်တက်ပြီး တရုတ်နိုင်ငံက ကမ္ဘာ့အကြီးဆုံး ကုန်သွယ်မှုနိုင်ငံ ဖြစ်လာ

Mon, 02/18/2013 - 07:13 -- ydnar

ကုန်ပစ္စည်းပို့ကုန်နဲ့သွင်းကုန်ကို စုပေါင်းတွက်ချက်မယ်ဆိုရင် တရုတ် နိုင်ငံက ၂၀၁၂ ခုနှစ်မှာ အမေရိကန် နိုင်ငံကိုကျောက်တက်ပြီးအကြီးမားဆုံး ကုန်သွယ်မှုနိုင်ငံတစ်နိုင်ငံဖြစ်လာပါတယ်။ ဒုတိယကမ္ဘာစစ်နောက် ပိုင်းကမ္ဘာ့ကူး သန်းရောင်းဝယ်ရေးမှာအမေရိကန်ရဲ့ လွှမ်းမိုးမှုကို အာရှနိုင်ငံတရုတ်က စိန် ခေါ်ရာမှာထင်ရှား တဲ့အမှတ်အသားတစ် ခုဖြစ်ပါတယ်။ အမေရိကန်ရဲ့ ၂၀၁၂ ခုနှစ်က ပို့ကုန်နဲ့သွင်းကုန်စုစုပေါင်းကို ဒေါ်လာ ၃ ဒသမ ၈၂ ထရီလီယံရှိ ကြောင်းအမေရိကန်ရဲ့ စီးပွားရေးနဲ့ကူး သန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ယခင်ရက်သတ္တပတ်ကကြေညာပါတယ်။ တရုတ်နိုင်ငံရဲ့ ၂၀၁၂ ခုနှစ်စုစုပေါင်း ကုန်သွယ်မှုကဒေါ်လာ ၃ ဒသမ ၈၇ ထရီလီယံရှိကြောင်း တရုတ်အကောက် ခွန်အုပ်ချုပ်ရေးဌာနက ယခင်လက ကြေညာခဲ့ပါတယ်။

အိမ်နီးချင်းပြင်သစ်နိုင်ငံကိုတင် ပို့သကဲ့သို့ တရုတ်နိုင်ငံကိုလည်းယခု ဆယ်စုနှစ်ကုန်မှာ ဂျာမနီနိုင်ငံကနှစ်ဆ ထိတိုးမြှင့်တင်ပို့တော့မှာဖြစ်ကြောင်း ဒါကြောင့် တရုတ်နိုင်ငံက ဂျာမနီ အပါ အဝင် ကူးသန်းရောင်းဝယ်ရေး မိတ်ဖက် နိုင်ငံတွေအတွက်အရေးပါဆုံး နိုင်ငံ ဖြစ်လာတဲ့အတွက် တစ်စစကြီးထွား လာတဲ့ တရုတ်နိုင်ငံ ရဲ့သြဇာကဒေသ ဆိုင်ရာ ကုန်သွယ်ရေးအုပ်စုတွေကိုခြိမ်း ခြောက်ကြောင်း ကမ္ဘာပေါ်ရှိ နိုင်ငံ အတော် များများအတွက် တရုတ်နိုင်ငံ ကအ ရေးပါဆုံးနှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်ဖက်နိုင်ငံဖြစ်လာကြောင်း ဂိုလ်မန်းဆက်မှ စာချုပ်စာတမ်း စီမံ ခန့်ခွဲမှု ဌာနခွဲရဲ့ ဥက္ကဌ ဂျင်မ်အိုနီးက ပြောပါတယ်။ "ဒီနှုန်းအတိုင်းသွားရင် ဒီဆယ်နှစ် အကုန်မှာဥရောပနိုင်ငံအတော်များများ ကဥရောပမှာရှိတဲ့ ကုန်သွယ်ဖက်တွေ နဲ့ကုန်သွယ်တာထက်ပိုပြီး တရုတ်နိုင်ငံ  နဲ့နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုပိုမို လာနိုင်ပါတယ်" လို့သူကပြောပါ တယ်။