Main menu

Background

ဘတ်ဂျက်လိုငွေကို လျှော့ချရာမှာ ဟန်ချက်ညီညီ ဆောင်ရွက်ဖို့ အိုဘားမား တိုက်တွန်း

Mon, 02/18/2013 - 07:14 -- ydnar

ဘတ်ဂျက်လိုငွေကို လျှော့ချရာမှာ ဟန်ချက်ညီညီဆောင်ရွက်သွားနိုင်မဲ့ နည်းလမ်းကိုရှာဖွေဖို့ အမေရိကန်သမ္မတ ဘားရက်အိုဘားမားက အမေရိကန် လွှတ်တော်ကိုဖေဖော်ဝါရီ ၉ ရက် တိုက်တွန်းခဲ့ပါတယ်။ ထို့အတူ ဘတ်ဂျက်ကို အဆမတန်ဖြတ်တောက်လိုက်ရင် စီးပွားရေးကို ထိခိုက်ပြီး အမေရိကန်ရှိအလုပ် အကိုင်ထောင်ပေါင်းများ စွာကိုခြိမ်း ခြောက်လာလိမ့်မယ်လို့ သတိပေးပါတယ်။

"ဘတ်ဂျက်ကိုအဆမတန်လျှော့ချလိုက်ရင်အမျိုးသားလုံခြုံရေး၊ ပညာရေး နဲ့သန့်ရှင်းတဲ့ နယ်ပယ်တွေမှာ အလုပ်လုပ်နေတဲ့ အမေရိကန်လူမျိုး ထောင် ပေါင်းများစွာ အလုပ်ပြုတ်ကုန်လိမ့်မယ်၊ ကျွန်တော်တို့ စီးပွားရေးတိုး တက်မှုအားလုံးကိုလည်း  ထိခိုက်စေပါလိမ့်မယ်လို့ အပတ်စဉ်ထုတ်လွှင့်နေကျ ရေဒီယိုနဲ့ အင်တာနက်မိန့်ခွန်းမှာ အိုဘားမားက ပြောပါတယ်။ မတ်လမှာ ဘတ်ဂျက်တွေကို လျှော့ချမယ်ဆိုရင်ကာကွယ်ရေးစရိတ် ကိုဒေါ်လာ ၅၅ ဘီလီယံလျှော့ချပြီး ကာကွယ်ရေးမဟုတ်တဲ့အသုံးစရိတ်ကို ၂၇ ဘီလီယံ ဒီနှစ်ထဲမှာလျှော့ချရမှာ ဖြစ်ပါတယ်။ အသုံးစရိတ်အဆမတန်လျှော့ချရင် ဖြစ်ပေါ်လာမဲ့ ဂယက်စစ်တမ်းကို အိမ်ဖြူတော်ကဖေဖော်ဝါရီ ၈ ရက်က ုထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်အရ ကျောင်းဆရာ အလုပ်အကိုင်ပေါင်း၁၀၀၀၀ လျှော့ချရဖို့ရှိပါတယ်။ အစားအစာ စစ်ဆေးရေးလုပ်ငန်းတွေရပ်တန့်ရပါမယ်။ စိတ်ကျန်းမာရေးလူနာ ၃၇၃၀၀၀ ကိုပြုစုနိုင်မှာမဟုတ်ပါဘူး။ ဥပဒေဝန်ထမ်းတွေကို အလုပ်ခေတ္တရပ်ဆိုင်းရပါ မယ်။ ပြည်ထောင်စုထောက်လှမ်းရေး ဗျူရိုမှအရာရှိ ၁၀၀၀ ခန့်လျှော့ရပါမယ်။ အသေးစားစီးပွားရေးလုပ်ငန်းတွေကို ဒေါ်လာသန်း ၅၄၀ လျှော့ရပါမယ်။ မိန်းမနဲ့ ကလေး ၆၀၀၀၀၀ ခန့် အစိုးရရဲ့ ထောက်ပံံ့မှုနဲ့ ဆောင်ရွက်ထားတဲ့ အရေးပေါ် အာဟာရဖွံ့ဖြိုးရေးအစီအစဉ်ကို ဆုံးရှုံးပါလိမ့်မယ်လို့ အိမ်ဖြူ တော်က ထုတ်ပြန်ကြောင်း အေအက်ပီသတင်းမှာ ဖော်ပြပါတယ်။