Main menu

Background

ပထမသုံးလပတ်မှာ ထိုင်းစီးပွားရေးအတွက် စိန်ခေါ်မှုပြည့်နေတဲ့ ကာလလို့ယူဆ

Mon, 02/18/2013 - 07:14 -- ydnar

အဓိကအားဖြင့် ၂၀၁၂ခုနှစ် နောက်ဆုံးသုံးလပတ်မှာအမေရိကန် စီးပွားရေးကျဆင်းခြင်း၊ ဘတ်ငွေ တန်ဖိုး မြင့်တက်ခြင်းနဲ့တစ်နိုင်ငံလုံးအတိုင်း အတာနဲ့လုပ်ခလစာမြင့်တက်မှုစတဲ့ အချက်တွေကြောင့် ယခုနှစ်ပထမသုံးလ ပတ်မှာထိုင်းနိုင်ငံရဲ့စီးပွားရေးအလား  အလာအတက်ဘက်မှာရှိလိမ့်မယ်လို့ အမှုဆောင်အရာ ရှိချုပ်ဦးရေကတစ် ဝက်ပင်ကျော်လွန်ခြင်းမရှိခဲ့ကြောင်း စစ်တမ်းတစ်ခုအရသိရပါတယ်။

နောက်ဆုံးဖေါ်ပြတဲ့အကြောင်း တရားနှစ်ခုကနိုင်ငံရဲ့ယှဉ်ပြိုင်နိုင်မှုစွမ်း ရည်ကိုကျဆင်းစေကြောင်းအမှုဆောင် အရာရှိတွေက ပြောပါတယ်။ လုပ်ခ လစာတိုးမြှင့်မှုကစီးပွားရေးလုပ်ငန်း ဆောင်ရွက်တဲ့ကုန်ကျစရိတ်ကို ၅ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ပြီးဘတ်ငွေတန် ဖိုးမြင့်တက်တာကပို့ကုန်ရဲ့ဝယ်လိုအား  ကိုကျဆင်းခဲ့တဲ့အတွက် ယခုလိုဖြစ်ရ ပါတယ်။ "ရရှိတဲ့သဘောထားတွေအရ ထိုင်းစီးပွားရေးကအလွန်မတန်စိန်ခေါ် မှုတွေနဲ့ပြည့်ဝနေတဲ့ကာလဖြစ်ပါတယ်" လို့ကုရန်သတ်တူရာကီတက္ကသိုလ်နဲ့ ဒူရာကီပန်ဒစ်တက္ကသိုလ် သုတေသန စင်တာတို့ရဲ့ပူးတွဲကြေညာချက် မှာဖေါ် ပြထားပါတယ်။ တက္ကသိုလ်နှစ်ခုက အမှုဆောင်အရာရှိချုပ် ၄၁၈ ဦးကို ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အတွင်းစစ်တမ်းတွေကောက်ယူခဲ့ တာဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်နောက်ဆုံးသုံးလပတ် နဲ့နှိုင်းယှဉ်ရင်ယခုနှစ်ပထမသုံးလပတ် မှာထိုင်းနိုင်ငံစီးပွားရေးပိုမိုကောင်းမွန် လာလိမ့်မယ်လို့ ယုံကြည်သူ ၄၀ ဒသမ ၁ သာရှိပြီး ၄၈ ဒသမ ၈ ရာခိုင်နှုန်း ကအပြောင်းအလဲရှိဘူး။ ၁၁ ဒသမ ၁ ရာခိုင်နှုန်းကပိုဆိုးလိမ့်မယ်လို့ ယူဆ ကြောင်းပြောကြားပါတယ်။ အားလုံး ခြုံကြည့်ရင် ဇန်နဝါရီမှာ ထိုင်းစီးပွား ရေးအပေါ်ယုံကြည်မှုအညွှန်းကိန်းက ၃၉ မှတ်ရှိပါတယ်။