ဝါရှင်တန် အမေရိကန် ပြည်ထောင်စု အလုပ်လက်မဲ့ အာမခံအကျိုး ခံစား ခွင့်အသစ် တောင်းခံတဲ့ အရေ အတွက်က ပုံမှန်အောက်ကို အများ ကြီးကျဆင်းလာခဲ့ပြီး အမေရိကန် အလုပ်အကိုင်ဈေးကွက်ခိုင်မာ လာပြီ ဖြစ်ကြောင်းပြသနေ ပါတယ်။ အလုပ် ခွင်မှရပ်စဲတဲ့နှုန်းရဲ့ အမှတ် အသားလို ဖြစ်နေတဲ့ အလုပ်လက်မဲ့ ခံစားခွင့် တောင်းဆိုမှုက ယခင်ရက်သတ္တပတ် က ၃၆၈၀၀၀ ရှိခဲ့ရာမှ ဖေဖော်ဝါရီ ၉ ရက်မှာ ကုန်ဆုံးတဲ့ ရက်သတ္တပတ် မှာ ၃၄၁၀၀၀ ဦးသာ ရှိခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။
ဝါရှင်တန် ငွေကြေး စစ်ပွဲနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေက ချဲ့ကား ပြောဆိုခြင်း သာဖြစ်ကြောင်း အပြည်ပြည် ဆိုင် ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (အိုင်အမ် အက်ဖ်)က ပြောပါတယ်။ သက်ဆိုင် ရာ ငွေကြေးတွေက မျှတတဲ့နှုန်းထား ကနေ ထူးထူးခြားခြား သွေဖီမှု မရှိ ပါဘူးလို့ အိုင်အမ်အက်ဖ် ပြောရေး ဆိုခွင့်ရှိသူ ဂလ်ရီရိုက်စ်က ပြော ကြောင်း AFP သတင်းမှာ ဖော်ပြပါ တယ်။
ဘရပ်ဆဲလ်/ ဘာလင် ယူရို နယ်မြေထဲမှာရှိတဲ့ အကြီး မားဆုံးစီးပွားရေးတွေဖြစ်တဲ့ ဂျာမနီနဲ့ ပြင်သစ်တို့ နှစ်ကုန်ပိုင်းမှာ တိုးတက်မှု ကျဆင်းခဲ့ပြီးနောက် ယူရိုဇုန်က ၂၀၁၂ ခုနှစ် နောက်ဆုံးသုံးလပတ်မှာ ခန့်မှန်းထားတာထက် ပိုမိုနက်ရှိုင်းတဲ့ စီးပွားရေးဆုတ်ကပ်နဲ့ကြုံခဲ့ရပါတယ်။ ယခုအခြေအနေက ယူရိုဇုန်ရဲ့ စီးပွား ရေးက တစ်နှစ်ပတ်လုံး တိုးတက်မှု ရှိခဲ့တဲ့ သုံးလပတ် တစ်ခါမှ မရှိခဲ့ဘူး၊ တစ်နှစ်လုံးရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုက လည်းသုညဒသမ ၅ ရာခိုင်နှုန်း ကျခဲ့ ကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြ ပါတယ်။
နယူးဒေလီ ဥရောပသမဂ္ဂနဲ့ "မျှမျှတတနဲ့ ရည်မှန်းချက်ကြီးမားတဲ့" လွတ်လပ် စွာ ကုန်သွယ်မှုသဘောတူစာချုပ်ကို ဧပြီလမှာ ချုပ်ဆိုနိုင်ဖို့ အိန္ဒိယနိုင်ငံ မျှော်မှန်းထားကြောင်း ဖေဖော်ဝါရီ ၁ ရက်က ထုတ်ပြန်တဲ့ တရားဝင် ကြေညာ ချက်မှာ ဖော်ပြထားပါ တယ်။ အိန္ဒိယနဲ့ ဥရောပသမဂ္ဂ တို့ရဲ့ စေ့စပ်ညှိနှိုင်းရေးမှူးတွေကလာမဲ့လ မှတွေ့ဆုံဆွေးနွေး ကြမှာဖြစ်ကြောင်း အိန္ဒိယ ကုန်သွယ်ရေးဝန်ကြီး အာနန် ရှားမား ပြောကြားချက်ကို AFP သတင်းမှာ ဖော်ပြပါတယ်။