စစ်ကိုင်းမြို့နယ် ဆားတောင်စံပြကျေးရွာမှထုတ်လုပ်သည့် ခြွေလှေ့စက် ဈေးကွက်ဝင်လာ
နိုင်ငံတော်အနေနဲ့ လက်မှုလက်ယာမှ စက်မှုလယ်ယာကို အရှိန်အဟုန်မြှင့်ပြောင်းလဲေ ဆာင်ရွက်နေ ရာ တောင်သူ များအဖို့ သင့်တင့်တဲ့တန်ဖိုးနဲ့ ဝယ်ယူသုံးစွဲနိုင်တဲ့ ခြွေလှေ့စက်များကြောင့် စိုက်ပျိုးထုတ် လုပ်မှုစရိတ် လျှော့ချနိုင်ခြင်း၊ အလေအလွင့် နည်းစေခြင်း၊ လုပ်သားအင်အားနဲ့ အချိန်ကုန်သက်သာစေခြင်းစတဲ့ အကျိုးကျေးဇူးများ ရရှိစေခဲ့ပါတယ်။ တိုင်းဒေသကြီး အစိုးရအနေနဲ့ ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲမှုလျှော့ချေ ရးတို့ဆောင်ရွက်ဖို့ အသေးစားကုန်ထုတ်လုပ်ငန်း ဖွံ့ဖြိုးရေး အတွက် တိုင်းဒေသကြီး ဇေယျာ ပဒေသာဖောင်ဒေး ရှင်းရန်ပုံငွေမှ ခြွေလှေ့စက် လုပ်ငန်းရှင် ၁၀ အား တစ်ဦးလျှင်ကျပ် ၁၀ သိန်းနှုန်း ထုတ်ချေးပေးတဲ့အတွက် ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုတိုးချဲ့ထုတ်လုပ်လာနိုင်ခဲ့ပြီး၊ လုပ်သားများအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုတိုးတက်လာခဲ့ကြောင်း သိရပါတယ်။
တောင်သူများ အသုံးပြုနိုင်ဖို့ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ ဆားတောင်စံပြကျေးရွာက ခြွေလှေ့ စက်များ ထုတ် လုပ်ဖြန့်ဖြူးလျက်ရှိရာ ဆားတောင်စံပြကျေးရွာရှိ (သိန်းမင်းကျော်စက်မှုလက်မှု)လုပ်ငန်းခွင်ကို သွားရောက် ခဲ့ပြီး၊ လုပ်ငန်းရှင် ဦးမင်းမင်းနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။"ခြွေလှ့စက်ခုံလုပ်ငန်းထုတ်လုပ်ရာမှာ သံထည်ပစ္စည်းများ၊ သံဟင်းဂလိုင်းများနဲ့ "မို" ပုံစံတွေကိုသုံးပြီး ထုတ်လုပ်ပါ တယ်။ မန္တလေးမြို့နဲ့ မန္တလေးစက်မှုဇုန်မှ ကုန်ကြမ်းပစ္စည်းများကို မှာယူအသုံးပြုထုတ်လုပ်နေပါတယ်။ အလုပ်ရုံမှာရှိတဲ့ လုပ်သား ခြောက်ဦးနဲ့ နှစ်ရက်ကို ခြွေလှေ့စက်တစ်လုံးနှုန်း ထုတ်လုပ်နေပြီး၊ တစ်လကို ၁၈ လုံးမှအလုံး ၂၀ ထိ ထုတ်လုပ် နေပါတယ်။ အများဆုံးထုတ်လုပ်နေတာတော့ ဂျုံ၊ ပဲ ခြွေလှေ့စက်ဖြစ်ပြီး၊ အခြားအနေနဲ့ စပါးခြွေလှေ့စက်၊ မြေပဲအခွံခွာစက် တို့ကိုလည်း ထုတ်လုပ်ပါတယ်။ ဒေသအနေနဲ့ ဂျုံ (ဆားတောင်)အများဆုံး စိုက်ပျိုးထွက်ရှိလို့ သီးနှံထွက်ပေါ်ချိန် ကာလများမှာ ဂျုံ၊ ပဲ၊ ခြွေလှေ့စက်ကိုအများဆုံး ထုတ်လုပ်ရောင်းချရပြီး အခြားတိုင်းဒေသကြီး၊ မြို့နယ်များ (မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး) တို့ကိုလည်း တင်ပို့ပေးရပါတယ်။ မြေပဲအခွံခွာစက်ကိုတော့ (ပြည်၊ အောင်လံ)မြို့များမှ မှာယူကြပြီး ပြုလုပ်ပေးရပါတယ်။ အသုံးပြုသူများအနေနဲ့ အင်ဂျင်စက်မြင်းကောင်ရေ ၁၂ ကောင်နဲ့ အထက် အင်ဂျင်တို့နဲ့ တွဲဖက် အသုံးပြုရပြီး၊ ခြွေလှေ့စက်အား အနေနဲ့ကတော့ တစ်နာရီမှာ သီးနှံ ၂၀ တင်းမှ သီးနှံအရည်အသွေးအလိုက် ၂၈ တင်းအထိ ပြီးစီးအောင် ဆောင်ရွက်ပေး နိုင်ပါတယ်။ ခြွေလှေ့စက် တစ်လုံးတန်ဖိုးကတော့ တစ်လုံးကို ၅၀၀၀၀၀ ကျပ်မှ နည်းပညာပါဝင်မှုအရ ကျပ် ၇၀၀၀၀၀ အထိ ရောင်းဈေးရှိပါတယ်"လု့ိ ပြောပြခဲ့ပါတယ်။ ထိုက်ထိုက်ဝင်း - စစ်ကိုင်း
