လူမျိုးဘာသာမရွေး သက်ရှိလောကလူသားတို့က သဘာဝအလှများကို မြတ်နိုးခင်တွယ်တတ် ကြသည်သာဖြစ် ပါတယ်။ ကျွန်မတို့ မြန်မာလူမျိုးများကလည်း သဘာဝအလှတရားများကို မြတ်နိုးတတ် ကြသည်ဖြစ်ရာ နေ့ စဉ် ဈေးတန်းတွေမှာ အလှပန်းအမျိုးမျိုးတို့အားဝယ်ယူပြီး မိမိတို့အိမ်ရှိ ဘုရားစင်နဲ့ စေတီပုထိုး ဘုရားကျောင်း ကန် များမှာ ကပ်လှူပူဇော်ခြင်း၊ မိမိတို့ဗီရို၊ စားပွဲများမှာ အလှပန်းအိုးများ အဖြစ် အသုံးပြုခြင်း၊ အလှူမင်္ဂလာနဲ့ ဧည့်ခံပွဲအခမ်းအနားအမျိုးမျိုးတို့မှာ အလှဆင်ဖို့အတွက် ဝယ်ယူ အသုံးပြုမှုများ များပြားလှပါတယ်။ မြန်မာနိုင်ငံ အနှံ့အပြားမှ မြန်မာ့အလှပန်းအမျိုးမျိုး စိုက်ပျိုးထွက်ရှိပြီး အဓိက လူကြိုက်များသုံးစွဲမှုများတဲ့ ပန်းတွေကတော့ ဂန္ဓမာပန်း၊ သစ္စာပန်း၊ မေမြို့ပန်း၊ သစ်ခွပန်းနဲ့ နှင်းဆီပန်းတို့ဖြစ်ကြပါတယ်။ ယခု မြန်မာ့သဘာဝအ လှပန်းလေးများကို မြန်မာနိုင်ငံအတွင်းမှာ သာမက နိုင်ငံတကာကပင် အသိအမှတ်ပြု ဝယ်ယူနေပြီဖြစ်ရာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ပထမပတ်က မြန်မာ့နှင်းဆီ ပန်းများကို စင်ကာပူနိုင်ငံကို တင်ပို့ရောင်းချဖို့ ပို့ကုန်လိုင်စင်ခွင့်ပြုချက် ရယူသွားပြီဖြစ်ပြီး ၎င်းင်းနှင်းဆီပန်း များကို ကတ်ထူစက္ကူပုံးများနဲ့ ထုပ်ပိုးကြောင်း သိရှိရပါတယ်။
မြန်မာပြည်မှာ ရေမရှား မြေမရှား အခြေခံကောင်းတွေရှိနေသရွေ့ အခွင့်ရေးကောင်းတွေ ရရှိလာ တော့ မှာ ဖြစ်တဲ့အတွက် ဥယျာဉ်ခြံမြေလုပ်ကိုင်စားသောက်သူများ ဝင်ငွေတိုးပွားရရှိလာမှာ ဖြစ်ပါကြောင်း သတင်းကောင်း တင်ပြရေးသားလိုက်ရပါတယ်။ ခင်စန်းဝင်း(DOT)