ဟံသာဝတီဝိုင်းအတွင်း လူစည်ကား နေပြီးအင်ဂျင်ပါဝါသေးငယ်သော ကား ငယ်များအရောင်းအဝယ် ရှိနေကြောင်း သိရသည်။
လတ်တလောဝိုင်းထဲတွင် အင်ဂျင် ပါဝါကြီးကားများ အဝယ်နည်းနေပြီး အမှန်တကယ် အသုံးလိုသူများသာ အဝယ်ရှိကြောင်း၊ များသောအားဖြင့် ဝိုင်းထဲတွင် ကားလေးများသာ လူ အမေးများပြီး အဝယ်ရှိနေကြောင်း သိရသည်။လူအဝယ်ရှိလာသော်လည်း ကား လေးများ ဈေးကျဆင်းခြင်းမရှိဘဲ ယခင် ဈေးထက်ကျပ်၁၀ သိန်း ၅သိန်းခန့် မြင့် တက်လာကာ ပြည်ပလေလံဈေး မြင့် တက်လာသဖြင့် ပြည်တွင်း ကားဈေး အနည်းငယ် မြင့်ရခြင်းဖြစ်ကြောင်း၊ ထို သည်မှာလည်း ဂျပန်သို့ အမှာများလျှင် ဖြစ်နေကျပင်ဖြစ်ကြောင်း ဝါရင့်ဝယ် ရောင်းအပေါ်ဝိုင်း အကျိုးဆောင် ကို မြင့်ကျော်မှ ပြောသည်။စလစ်ဈေးများမှာ ယခင်အပတ်ထက် စာလျှင် အနည်းငယ် မြင့်တက်လာပြီး အမည်ပေါက်ဆိုလျှင် ကျပ် ၉၂ သိန်း ခန့်ရှိလာပြီး၊ ရိုးရိုးစလစ်ပင် ကျပ် ၈၈ သိန်းခန့်ရှိနေကြောင်း၊ တက္ကစီ စလစ် ပေါက်ဈေးမှာလည်း ကျပ်သိန်း ၇၀ ခန့် ရှိလာပြီး စီအန်ဂျီစလစ်မှာ ကျပ်သိန်း ၁၀၀ ခန့်ရှိကြောင်း သိရသည်။ ကား အရောင်းပြခန်းများရှိ တိုင်းအတွင်း တက္ကစီများမှာ ဘီဘီအက္ခရာထိရောက် ရှိလာပြီး စီးရေများပြားလာသော်လည်း ကျပ်သိန်း ၁၀၀ ဝန်းကျင်ပေါက်သည့် တက္ကစီများသာအဝယ်ရှိကြောင်း၊ လတ် တလောအဝယ်လိုက်နေသည့် အင်ဂျင် သေးကားငယ်များမှာ ကားအရောင်းပြ ခန်းများထက်စာလျှင် ဝိုင်းထဲမှာအဝယ် လိုက်နေပြီး ယခုဝယ်ယူသူများမှာ အမည်ပေါက်/မပေါက် သိပ်မကြည့် ပဲ ဈေးတန်း ၁၀ သိန်းခန့် ကွာဟပြီး ပိုင်ရှင်မှ တိုက်ရိုက်ဝယ်ယူနိုင်ခြင်းကို နှစ်သက်ကြကြောင်း ၎င်းမှပြောသည်။ှSN