Main menu

Background

Nissan နဲ့ E.Garage Auto Service & Spare Parts တို့ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ကားစက်ရုံတည်ရန် စီမံကိန်းချမှတ်

Mon, 02/18/2013 - 07:50 -- ydnar

ဂျပန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံး ကားထုတ်လုပ်သော နစ်ဆန်းကားကုမ္ပဏီဟာ မြန်မာနိုင်ငံမှာယာဉ် အစိတ်အပိုင်းနဲ့ ဝန်ဆောင်မှုစင်တာကို ၂၀၁၃ ခုနှစ် ဖေဖော် ဝါရီလ ပထမပတ်မှာ မြန်မာနိုင်ငံရှိ E. Garage Service & Spare Parts  နဲ့ ပူးပေါင်းဖွင့်လှစ်လိုက်ပြီလို့ E.Garage   မှ မန်နေဂျာဦးအောင်မိုးသန်းက ပြော ကြားခဲ့ပါတယ်။

Nissan Service Centre ဟာ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် မှာတည်ရှိပြီး ကွန်ပျူတာစနစ်နဲ့ ကားပြင်ဆင်ခြင်းကို ဝန်ဆောင်မှုပေးသွားမယ်လို့ သိရပါတယ်။E.Garage ဟာ မြန်မာနဲ့ မလေးရှားနိုင်ငံ အခြေစိုက် Tan Chong Group  တို့ ဖက်စပ်ထူထောင်ထားတာဖြစ်ပြီး Tan Chong Group  ရဲ့ အစုရှယ် ယာက ၉၀ ရာခိုင်နှုန်းပါရှိပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလက မြန်မာနိုင်ငံမှာဖွင့်လှစ်ခဲ့ တာဖြစ်ပါတယ်။ကားထုတ်လုပ်ရောင်းချတဲ့ Tan Chong   ဟာ ကမ္ဘောဒီးယား၊ လာအို၊ မလေး ရှား၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့မှာ နစ်ဆန်းကားထုတ်လုပ်တပ်ဆင်တဲ့ လုပ်ငန်းများ ကို အဓိကလုပ်ဆောင်နေတာဖြစ်ပါတယ်။ အခြားဂျပန်ကား ကုမ္ပဏီအတော်များ များဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် နဲ့ ဆွေးနွေးလျက်ရှိကြတယ်လို့ The Nation   သတင်းစာမှာ ဖော်ပြထားချက်အရ သိရှိရပါတယ်။Source: The Nation, CMK