Main menu

Background

မန္တလေးမြို့ရှိ ဟိုတယ်များ စည်ပင်သာယာလိုင်စင်ယူပြီး ဖွင့်လှစ်မှုများလာ

Mon, 02/18/2013 - 07:52 -- ydnar

မန္တလေးမြို့ရှိဟိုတယ်များမှာ စည်ပင်သာယာမှထုတ်ပေးတဲ့ တည်းခိုခန်းလိုင်စင်နဲ့သာ ဖွင့်လှစ်မှုပိုများလာပြီး ပြည်ပ ဧည့်သည်များ လက်ခံတည်းခိုခွင့်ပြုထားခြင်း စစ်ဆေးတွေ့ရှိပါက အရေးယူဆောင်ရွက်သွား မှာဖြစ်ကြောင်း၊ မြန် မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(မန္တလေးဇုန်)ဥက္ကဋ္ဌက ပြောပါတယ်။

"ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ဟိုတယ်လိုင်စင်နဲ့ တည်းခိုခန်းလိုင်စင်ထုတ်ပေးနေတာ လွယ်လွယ်ကူ ကူနဲ့ အသင်းရုံးက ဆောင်ရွက်ပေးနေပေမယ့်လည်း အသစ်ဖွင့်တဲ့ဟိုတယ်တွေက လာရောက်ဆောင်ရွက်ခြင်း မရှိပါဘူး။ စည်ပင် သာယာကထုတ်ပေးတဲ့ တည်းခိုခန်းလိုင်စင်ကို ဟိုတယ်ဆိုပြီး ဖွင့်လှစ်နေပါတယ်။ ဒီနှစ်ထဲမှာ ဟိုတယ်အမည်တပ်ပြီး တည်းခိုခန်းလိုင်စင် ယူဖွင့်နေတာ ငါးလုံး၊ ခြောက်လုံးလောက်ရှိလာတယ်။ စည်ပင်လိုင်စင် နဲ့ နိုင်ငံခြားသားတည်းခိုခွင့် ပြုထားတာတွေ့ရှိရင် အရေးယူဆောင်ရွက်မယ်"လို့ အထက်ပါပုဂ္ဂိုလ်က ပြောပါတယ်။မန္တလေးမြို့မှာ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနမှ လိုင်စင်ရ "ဟ" လိုင်စင်နဲ့ "တ" လိုင်စင် ပြုလုပ်ထားတဲ့ ဟိုတယ်နဲ့ တည်းခိုခန်း ၇၉ လုံးသာရှိပြီး အခန်း ၂၀ နဲ့အထက်ကို ဟိုတယ်လိုင်စင်ထုတ်ပေးပြီး အခန်း ၂၀ အောက်ကို တည်းခိုခန်းလိုင်စင် ထုတ်ပေးထားကြောင်း သိရပါတယ်။                                          ဇူးဇူး-မန္တလေး