Main menu

Background

အသစ်ဖွင့်လှစ်မယ့် ကုန်စည်ပို့ဆောင်ရေးစခန်းမှာ ဂိုဒေါင်များ ငှားရမ်းမှုဖြစ်

Mon, 02/18/2013 - 07:51 -- ydnar

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ အသစ်ဖွင့်လှစ်မယ့် ကုန်စည်ပို့ဆောင် ရေးစခန်းမှာ ဂိုဒေါင်များငှားရမ်းမှုသွက် လာကြောင်း သိရပါတယ်။

ကုန်စည်ပို့ဆောင်ရေး  ဂိတ်စခန်းရှိ ကုန်စည်ဂိုဒေါင်ခန်းများသာမက အနီးရှိ မြေကွက်များလည်း စိတ်ဝင်စားမှုရှိလာ ပြီး ဂိုဒေါင်ဝယ်ယူမှု မရှိကြောင်း သိရပါ တယ်။မန္တလေးမြို့ရှိ   အိမ်ခြံမြေ အကျိုး ဆောင်တစ်ဦးက "ဂိုဒေါင်ခန်း ပေ ၈၀ x ပေ ၆၀ ရှိ တိုက်ခန်းတစ်ခန်းကို  တစ် လ ကျပ် ၇ သိန်း - ကျပ် ၈ သိန်း - ကျပ် ၉ သိန်းနဲ့ ငှားရမ်းမှုသွက်လာ တယ်။ တိုက်ခန်းဝယ်ယူမှု မရှိသေးတဲ့ အတွက် ရောင်းမယ့်ဈေး အမှန်မသိရ သေးဘူး။ မြေကွက်လည်း စိတ်ဝင်စားမှု ရှိလာပြီး၊ အရောင်းအဝယ် အနည်းငယ် ရှိလာတယ်။ တရုတ်နှစ်သစ်ကူးရာသီ ချိန်ဖြစ်လို့ ဈေးလှုပ်ပေမယ့် အရောင်း အဝယ် ပါးနေတယ်။ ပြီးခဲ့တဲ့ တစ်လ ခွဲလောက်က ကျပ် ၄၅၀ သိန်း ဈေး ပေါက်ခဲ့တဲ့မြေက ကျပ်သိန်း ၇၀၀ ဈေး ထိရှိလာတယ်"လို့ ပြောပါတယ်။ကုန်စည်ပို့ဆောင်ရေး  ဂိတ်များကို ဖေဖော်ဝါရီ ၁၆ ရက်မှာ စတင်ပြောင်း ရွှေ့ဖွင့်လှစ်ရမှာဖြစ်လို့   ကုန်စည်ပို့ ဆောင်ရေး  ဂိုဒေါင်များပါ ငှားရမ်းမှု သွက်လာခြင်းဖြစ်ကြောင်း သိရပါတယ်။ဇူးဇူး-မန္တလေး