Main menu

Background

အဆင့်မြင့် ကျောက်မျက်ရတနာဈေးသစ်ကို ရှစ်လအတွင်း အပြီးတည်ဆောက်မယ်

Mon, 02/18/2013 - 07:54 -- ydnar

မန္တလေးတိုင်းဒေသကြီး၊ အမရပူရ မြို့နယ်၊ မြင်းမူကျေးရွာအုပ်စု၊ ဆင်ရွာ ကွင်းအတွင်း အဆင့်မြင့် ကျောက်မျက် ရတနာဈေးသစ်ကို ရှစ်လအတွင်းအပြီး တည်ဆောက်ပြီး ၂၀၁၃ ခုနှစ်အတွင်း ကျောက်မျက်ဈေးကွက်ကြီး  တစ်ခုကို ဖော်ဆောင်မယ်လို့ သိရပါတယ်။

အဆင့်မြင့်  ကျောက်မျက်ရတနာ ဈေးသစ်ဆောက်လုပ်ဖို့ မြေဧက ၂၀ ဒသမ ၆၅ ဧကကို ဦးစိုးနိုင် (ရတနာ အင်းဝ  ကျောက်မျက်တူးဖော်ရေး) မှ မန္တလေးတိုင်းဒေသကြီး အစိုးရကို လှူ ဒါန်းခဲ့ပြီး တော်ဝင်မြန်မာ၊ တက်လမ်း၊ ရတနာနဲ့     အောင်ကောင်းကျော် ဆောက်လုပ်ရေးတို့မှ ဆောက်လုပ်မယ် လို့သိရပါတယ်။"ပေ ၃၀ x ၃၅ ပေ၊ ပေ ၂၀ x ပေ ၃၀ နဲ့ ၁၀ ပေ x ၁၅ ပေအကျယ်ရှိတဲ့ ဆိုင်ခန်းတွေ ဆောက်လုပ်မယ်။ မဟာ အောင်မြေ ကျောက်မျက်ရတနာဈေး က အခန်းပေါင်း ၁၁၁၇ ခန်းအတွက် ၁၀ ပေ x ၁၅ ပေ အခန်းတွေကို ဦးစား ပေးမယ့် ပျံကျဈေးသည်တွေကိုလည်း နေရာပေးမယ်။ ပထမ နှစ်နှစ်မှာ အခွန် မဆောင်စေဘဲ ၂ နှစ်ကျော်မှ တိုက်ခန်း တည်ဆောက်မှု ကုန်ကျစရိတ်ရဲ့ ၃၀ ရာခိုင်နှုန်းလျော့ပြီး ရောင်းချပေးမယ်။ ပေ ၃၀ x ၃၅ ပေ အခန်းပေါင်း ၅၆၁ ခန်းကို သုံးလပိုင်းပြီးမှ  ရောင်းချပေး မယ်"လို့ ဦးစိုးနိုင်က ဆက်လက်ပြော ပါတယ်။ကျောက်စိမ်းဈေးကွက်ကို ဖွင့်လှစ် ခြင်းဖြင့် အချောထည်ဈေးကွက်ဖြင့်သာ တရုတ်နိုင်ငံနဲ့  ဥရောပနိုင်ငံများ ကို ရောင်းချဖို့   ရည်ရွယ်ထားကြောင်း၊ အချောထည်ဈေးကွက်  ဖြစ်လာပါက တရုတ်နိုင်ငံ  ရွှေလီဈေးကွက်မှာ ၅၀ ရာခိုင်နှုန်းနီးပါး ဈေးကွက်ပြုတ်ကျသွား ပြီး၊ ပြည်တွင်းကို ဝင်လာဖို့ ဈေးကွက် ဖော်ဆောင်ခြင်းဖြစ်ကြောင်း  သိရပါ တယ်။ အဆင့်မြင့်  ကျောက်စိမ်းဈေး ကွက်ဖော်ဆောင်ပြီး တစ်နေ့ကို လူ ပေါင်းလေးသိန်းကျော် အလုပ်အကိုင် များ ရရှိမှာဖြစ်ကြောင်း သိရပါတယ်။ဇူးဇူး-မန္တလေး