တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ညွှန်ကြားရေးမှူးရဲ့ကြီးကြပ်မှုဖြင့် နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ ဦးမောင်မောင် အေး (ဦးစီးမှူး) ဦးစီးတဲ့ အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သတင်းမီဒီယာ၊ နယ်စပ် ကုန်သွယ်ရေးကုန်သည် အသင်းတို့မှ ကိုယ်စားလှယ်များပါဝင်တဲ့ Mobile Team အဖွဲ့ဟာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ တမူး-ကလေး ကားလမ်းမပေါ်ရှိ နန့်မွန်တားရွာအနီးတွင် စားသုံးသူအကာအကွယ်ပေးရေး၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် တရားမဝင်ကုန်သွယ်မှုများ လျော့နည်းပပျောက်ရေးတို့အတွက် မော်တော်ယာဉ်များ အား စစ်ဆေးရှာဖွေမှုများပြုလုပ် လျက်ရှိပါတယ်။ ယင်းကဲ့သို့ရှာဖွေစစ်ဆေးရာမှာ အများပြည်သူများ စားသုံးရန် မသင့်သော ကွမ်းငုံဆေးများနဲ့ အကောက် ခွန်မဲ့ သယ်ဆောင်လာတဲ့ အိန္ဒိယနိုင်ငံလုပ် သွားတိုက်ဆေး၊ ဓါတ်မီး၊ အမွှေးတိုင်နဲ့ Hair Removal Cream (အမွှေး ချွတ်ဆေး)တို့ကို သိမ်းဆည်းရမိခဲ့ပြီး ခန့်မှန်းတန်ဖိုးစုစုပေါင်း ၁၄၃၂၆၀၀ ကျပ်ခန့်ရှိတယ်လို့ သိရပါတယ်။ သိမ်းဆည်း ရမိတဲ့ အကောက်ခွန်မဲ့ကုန်ပစ္စည်းများဟာ တမူး နယ်စပ် ကုန်သွယ်ရေးစခန်းမှာ တစ်နိုင်တစ်ဆွဲပိုင် ရောင်းဝယ်ကြသော ဒေသခံပြည်သူများအတွက် ITC ကတ်များ ထုတ်ပေးပြီး သွင်းကုန်လိုင်စင်ခွင့်ပြု ထုတ်ပေးနေသော ကုန်ပစ္စည်းများ ဖြစ်တယ်လို့ သိရပါတယ်။ တရားဝင် အခွန်ပေးဆောင်ကာ ကူးသန်းရောင်းဝယ် ကြရန်လိုအပ်ကြောင်း အသိပေးလိုက်ရ ပါတယ်။လှဌေး (တမူး)
Background