Main menu

Background

တရားဝင်ပစ္စည်း တင်သွင်းခွင့်ပြုထားသည့် အကောက်ခွန်သွင်းကုန် ကြေညာလွှာ (ID) မူရင်းကို မလွတ်မှန်းသိမှ ထုတ်ပြခဲ့

Mon, 02/18/2013 - 07:59 -- ydnar

မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်းဟာ တရား မဝင်မှောင်ခိုကုန်သွယ်မှုပြုလုပ်လိုသူများအတွက် ကျင်လည် ကျက်စားရာ လမ်းကြောင်းတစ်ခုဖြစ်သလို အောက်လမ်း နည်းများကိုအသုံးချပြီး တရားမဝင် ကုန်သွယ်မှု ပြုလုပ်နေ ကြတဲ့အတွက်စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှုတားဆီး ထိန်းချုပ်ရေးအဖွဲ့ Mobile Team အနေနဲ့ လမ်းကြောင်းပေါ်ရောက်အောင် စည်းရုံးပညာပေးခြင်းအပြင် သိမ်းဆည်း အရေးယူမှုများ ပြုလုပ်လျက်ရှိပါတယ်။ မှောင်ခို ကုန်သည်များဟာ ပိုးဖလံကဲ့သို့ မိမိကိုယ်ကို အလောင်ကျွမ်းခံပြီး သိလျက်နဲ့မီးရှိရာတိုးဝင်နေသလို Mobile Team အဖွဲ့ရဲ့ ပင်ပန်းအဆင်းရဲ ခံဆောင်ရွက်နေခြင်းကို အလစ်အငိုက်ကို အခွင့် ကောင်းယူအသုံးချပြီး လစ်ရင်လစ် သလို ကျော် လွှားပြီး မြက်မြက်ကလေးဖော်စားနိုင်အောင် ဝင်တိုးနေကြတာကို အရေးယူခဲ့ရတဲ့ဖြစ်စဉ်များအရ သုံးသပ်ရပါ တယ်။

အဲဒီလိုကျော်လွှားနိုင်ဖို့လည်း ကြိုတင်ကြံစည်မှုများနဲ့ တရားဝင်ကုန်သွယ်မှုကို အယောင်ပြအရေ ခြုံကာ နောက်ကွယ် မှ မမှန်မကန်နဲ့ တရားမဝင်ကုန်သွယ်မှုကို တစ်စိုက်မတ်မ တ် ဆောင်ရွက်နေ ကြတာ တွေ့နေရပါတယ်။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က မှန်လုံယာဉ်တစ်စီးအား စစ်ဆေးစဉ်ရေခဲမုန့် ခုနစ် ပုံး တင်ဆောင်လာတဲ့အတွက် စာရွက်စာတမ်း အထောက် အထား များ စစ်ဆေးခဲ့ရာမှ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် မြဝတီတွင် အစစ်ဆေးခံခဲ့သည့် ဟိုင်းလတ်ယာဉ် တစ်စီး၏  ယာဉ်စစ်ဆေးချက် (Manifest) မူရင်း၊ သွင်းကုန် လိုင်စင် မိတ္တူနှင့် တင်သွင်းမှုအတွက် လက်ကျန် (Balance) ဖြတ် ထားသည့် အကောက်ခွန်သွင်းကုန်ကြေညာလွှာ  (ID) မူရင်း တို့ကို ထုတ်ပြခဲ့ပါတယ်။ အလားတူပါပဲ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကွမ်းသီး များ တင်ဆောင်ထားတဲ့ယာဉ်မှာ ပိတ်လိပ်များ တင်ဆောင် နေကြောင်း တာဝန်ရှိတဲ့စစ်ဆေးရေးအဖွဲ့မှ သတင်းရရှိထား ပြီးဖြစ်တဲ့အတွက် စစ်ဆေးရေးအဖွဲ့ကို သတင်းပို့စဉ် ကွမ်းသီး တစ်မျိုးတည်းသာ ကုန်ကြေညာခဲ့တဲ့  ဟီးနိုး (TE) ယာဉ်ကို စတင် ဖွင့်ဖောက်စစ်ဆေးရာမှာ ပိတ်လိပ်များတွေ့ရှိတော့မှ Duty  ပါရှိကြောင်းပြောကြားပြီးဖေဖော်ဝါရီလ ၈ ရက်နေ့က မြဝတီမှာအစစ်ဆေးခံခဲ့တဲ့ ဟိုင်းလတ်ယာဉ် (၁) စီးရဲ့  ယာဉ် စစ်ဆေးချက် Manifest  မူရင်း၊ သွင်းကုန် လိုင်စင်မိတ္တူနှင့် ပိုလီယက်စတားပိတ်(အပါး)(၆၅၀)ကီလိုတင်သွင်းမှုအတွက် လက်ကျန် (Balance) အကုန်ဖြတ်ထားတဲ့ အကောက် ခွန် သွင်းကုန်ကြေညာလွှာ (ID) မူရင်းတွေကို ထုတ်ပြလာပါ တယ်။ ယာဉ်ကို ဖွင့်ဖောက်စစ်ဆေး လိုက်တော့ ပိုလီယက် စတားပိတ် (၈) အိတ်၊ အလေးချိန် (၆၁၀) ကီလိုကို ရှာဖွေ တွေ့ရှိခဲ့ရပါတယ်။ ဒီဖြစ်စဉ်တွေကို ကြည့်ခြင်းအားဖြင့် တာဝန်ရှိသူများက ရှာဖွေဖော်ထုတ်စစ်ဆေးတွေ့ရှိရင်တော့ အထောက်အထား ထုတ်ပြသပြီး ဖြတ်သန်းမှာဖြစ်သလို  စစ်ဆေးခြင်းမရှိဘဲ လွတ်သွားမည်ဆိုပါက အလွတ်သယ်ဆောင်ပြီး အကောက် ခွန်သွင်းကုန်ကြေညာလွှာ (ID) သုံးစရာမလိုဘဲ လက်ကျန် အဖြစ်ရှိနေကာ အခေါက်ခေါက် အခါခါ ထပ်မံသုံးစွဲရန် ရည် ရွယ်ချက်ရှိရှိဖြင့် ကြံစည်ဆောင်ရွက်နေကြတယ်လို့ သုံးသပ် တွေ့ရှိ ရပါတယ်။ ပိတ်လိပ် ရှစ်အိတ်ကို ကွမ်းသီးအိတ်များနှင့် ယာဉ်တစ်စီးတည်း တင်ဆောင်ရမယ်ဆိုရင် ပစ္စည်းအလေး ချိန်နှင့် သဘာဝအရ စာဖတ်သူများဆိုရင် ကွမ်းသီးအိတ် များအောက်မှာဝှက်ပြီး  သယ်ဆောင်မှာလား။ ကွမ်းသီး အိတ်များအပေါ်မှာ တင်ဆောင်မှာလားဆိုတာ  စဉ်းစား သာ ကြည့်လိုက်ပါတော့။ မလွတ်တော့မှန်းသိပြီး ဖွင့်ဖောက် စစ်ဆေးတော့မှ အကောက်ခွန် (ဂျူတီ) ပါကြောင်း ပြော ကြားလာခြင်းမှာ ရိုးသားမှု မရှိကြောင်း ပေါ်လွင်ထင်ရှားနေ တဲ့အတွက် သိမ်းဆည်းအရေးယူလိုက်ရပါတော့တယ်။ အဲဒီတော့ဆူးညှောင့်ခလုတ်နဲ့တူတဲ့တရားမဝင် မှောင်ခို စီးပွားရေးသမားများရဲ့ မသမာတဲ့နည်းလမ်းများနဲ့ တရားဝင် ကုန်သွယ်မှုကို ဟန်ရေးပြအယောင်ဆောင်ပြီး ကန့်လန့်ကာ နောက်ကွယ်မှာ မမှန်မကန် အကွက်ချစီမံဆောင်ရွက်နေ တာကို ထိထိရောက်ရောက်တားဆီးအရေးယူဖော်ထုတ်နိုင် ဖို့ ကုန်သွယ်မှုလောက အတွင်း မှန်မှန်ကန်ကန်ဆောင်ရွက် နေတဲ့ ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်နဲ့ မိမိ တို့ရဲ့ အကျိုးစီးပွားကို မထိခိုက်အောင်ကာကွယ်တဲ့အနေနဲ့ တစ်ဖက်တစ်လမ်းမှ တာဝန်ရှိသူများနဲ့ပူးပေါင်းပြီး ဝိုင်းဝန်း တားဆီးနိုင်ရေး ရဲရဲဝံ့ဝံ့ဖြင့်ပြတ်ပြတ်သားသား သတင်းပေးပို့ ဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ရွှေမြိုင်သား