ပြည်သူ့ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူဖောက်လုပ်နေသော ဘူးသီး တောင်-မောင်တော ဥမင်လိုဏ်ခေါင်းလမ်းကို လမ်းလွှဲလမ်း ဖောက်လုပ်ရေး လုပ်ငန်းမှာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ကုန်ပိုင်းမတ်လ မှာပြီးစီးမယ်လို့ခန့်မှန်းနေ ကြပါတယ်။ လက်ရှိလမ်းပိုင်းမှာ ၁၉၁၈ ခုနှစ်က ဖောက်လုပ် ထားခဲ့ခြင်းဖြစ် ရာ နှစ်ပေါင်းရာကျော် သက်တမ်းရှိနေပြီဖြစ်ပါတယ်။ ဥမင်လိုဏ်ခေါင်းလမ်းလွှဲဟာ အရှည်ပေ ၁၈၀၀၊ အကျယ် ၅၀ ပေနဲ့ အမြင့် ၁၈ ပေရှိပြီး လမ်းဖောက်လုပ်မှုကို ပွင့်လင်းရာသီမှသာ လုပ်ဆောင်နိုင်ပါတယ်။ မိုးရာသီ မှာတောင်ပြို/မြေပြိုခြင်း များကြောင့် လမ်းများပျက်စီးမှုနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။ သဘာ၀ ဘေး အန္တရာယ်များကို ကာကွယ်ရန်အတွက် ဥမင်လိုဏ်ခေါင်းကို လွှဲပြီး ပတ်လမ်း ဖောက်လုပ်နေတယ်လို့သိရပါတယ်။ ပျက်စီးနေသောလမ်းပိုင်းများကို ယာဉ်ယန္တရား ကြီးများအသုံးပြု ပြင်ဆင်နေပြီး မတ်လကုန်မှာ ပြီးစီးမယ်လို့ ခန့်မှန်းထားခြင်း ဖြစ်ပါတယ်။
မေယုတောင်ပေါ်လမ်းဟာ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေး အတွက် အဓိကကျတဲ့တစ်ခု တည်းသောလမ်းဖြစ်ပြီး နယ်စပ်မြို့မောင်တောနဲ့ ဆက်သွယ်ထားသောလမ်းလည်းဖြစ်ပါတယ်။ သက်တမ်း ရာကျော်နေပြီးအကြိမ် ပေါင်းများစွာ ပြုပြင်မှုလုပ်နေရတဲ့လမ်းတစ်ခုဖြစ်ရာ အန္တရာယ်များလာပြီဖြစ်တဲ့ အတွက် ယခုပတ်လမ်းကိုဖောက်လုပ်ရခြင်းဖြစ်တယ်လို့သိရပါတယ်။ Source: The Nation, CMK