ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ အဓိက သွင်းကုန် အမယ်တစ်မျိုးဖြစ်တဲ့ ဘိလပ်မြေ တင်သွင်းမှုဟာ မြစ်ကြီးနား-ကန်ပိုက်တီး ကုန်သွယ်မှု လမ်းကြောင်းပေါ်ရှိ ကျိုးကျပျက်စီးနေတဲ့ ခုနှစ်ရောင်စုံ တံတား ပြန်လည် ပြုပြင် ပြီးစီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နောက်ပိုင်းမှစပြီး ပြန် လည် မြင့်တက်လာလျက် ရှိပါတယ်။ ကန်ပိုက်တီးစခန်းရဲ့ ဘိလပ်မြေတင်သွင်းမှုဟာ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှာ တန် ချိန် ၁၁၈၈၆၂ တန်၊ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၁၈၉ သန်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ တန်ချိန် ၃၀၀၄၁ တန်၊ အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၆၉ သန်းအထိ တင်သွင်း နိုင်ခဲ့ပြီး ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း ၁၅-၂-၂၀၁၃ နေ့ထိ တန်ချိန် ၄၀၁၁ တန်၊ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၂၃ ဒေါ်လာသန်းထိသာ အမှန်တင်သွင်းနိုင်သေး သော်လည်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဘိလပ်မြေ သွင်းကုန်လိုင်စင်လျှောက်ထားမှုဟာ တန်ချိန် ၁၅၀၀၀ ခန့်ထိ ရှိခဲ့ပြီးမြစ်ကြီးနား၊ ဝိုင်းမော်၊ ဖားကန့်စတဲ့ဒေသများမှာ နယ်မြေ တည်ငြိမ် အေးချမ်းမှုရရှိလာပြီး နယ်မြေဒေသခံများရဲ့ တည်ဆောက်ရေးလုပ်ငန်းများမှာ အသုံးပြုရန်လိုအပ်ချက် များ မြင့်မားလာလျက်ရှိတဲ့အတွက် ယခုလိုတင်သွင်းမှု ပိုမို လာခြင်းဖြစ်ကြောင်း သတင်းရရှိပါတယ်။ ကပတ (ကမရ)
Background