Main menu

Background

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ပြုပြင်မွမ်းမံ

Mon, 02/18/2013 - 08:06 -- ydnar

Moei  မြစ်ကိုဖြတ်ကျော်ဆက်သွယ်ထားတဲ့ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အား မကြာမီ ကာလမှာ ဘတ်သန်း ၄၀ အကုန်အကျခံကာပြုပြင်မွမ်းမံမှုပြီးစီးတော့ မယ်လို့ ထိုင်းအစိုးရအင်ဂျင်နီယာချုပ် က မြဝတီမှာပြောကြားခဲ့တယ် လို့သိရပါတယ်။

အဆိုပါတံတားကို ဆီဆင်န်ကုမ္ပဏီလီမိတက် (See Sang Co.,Ltd.) က ဇန်နဝါရီလ ၈ ရက်နေ့မှစပြီး ပြုပြင်မွမ်းမံ နေတာဖြစ်ပါတယ်။ မြဝတီ-ကော့ကရိတ် သွားကားလမ်းကို ဒေါနတောင်ပေါ်လမ်းအား လမ်းလွှဲအသစ် ဖောက်လုပ်ပေးထား ပြီးဖြစ်ပါတယ်။ ထိုင်းအင်ဂျင်နီယာ ParaLong Yoot Kasinowong  က မြဝတီ-ကော့ကရိတ်လမ်းပိုင်းပေါ်ရှိ တံတား ပြုပြင်မှုအား ဇွန်လကုန်ပိုင်းတွင်ပြီးစီးရန် ခန့်မှန်းထားတယ်။ ကုန်စည်စီးဆင်းမှုနဲ့ခရီးသွားများရဲ့ သွားလာမှုဟာတံတား မပြင်ခင်ကအတိုင်း ကောင်းမွန်စွာသွား လာနိုင်ကြကြောင်းနဲ့ ၎င်း တို့ရဲ့ပြင်ဆင်မှုများ ကြောင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများအတွက် အနည်းဆုံး ဆုံးရှုံးမှုနဲ့ လေ လွင့်မှုများ မရှိစေရေးအလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း ထိုင်း အင်ဂျင်နီယာ က ပြောကြားကြောင်း The Nation သတင်းမှာဖော်ပြထားပါတယ်။Source: The Nation  ,CMK