Main menu

Background

မှန်လုံယာဉ် ၁၂ စီးနဲ့ ဟိုင်းလတ်ယာဉ် နှစ်စီးမှ ကျပ် ၃၆၂ သိန်းကျော်တန်ဖိုးရှိ အကောက်ခွန်မဲ့ပစ္စည်းများစစ်ဆေးတွေ့ရှိ

Mon, 02/18/2013 - 08:08 -- ydnar

မော်လမြိုင်-ဘားအံ-မြဝတီလမ်းပိုင်းရှိ ခရီးသည်တင်မှန်လုံ မော်တော် ယာဉ်များဟာ ခရီးသွားများကို အကာအကွယ်ရယူပြီး အကောက်ခွန်မဲ့ပစ္စည်းများ တင်ဆောင်လာမှုများ၊ ဟိုင်းလပ်ယာဉ်များကလည်း ခရီးသည် စီးနင်းမှုနည်းပါးခြင်း ကြောင့် ကုန်စည်အားပြုသယ်ဆောင်လာမှုများရှိတယ်လို့ သတင်းများရရှိကြောင်း Mobile Team  အဖွဲ့-၂ မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အဲဒီအတွက် မြဝတီ-ရန်ကုန် ကုန်စည်စီးဆင်းမှုလမ်းကြောင်းမှာ စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်စည်စီးဆင်းမှုတားဆီးနိုင်ရေး တာဝန်ယူဆောင် ရွက်နေတဲ့ Mobile Team   အဖွဲ့ဟာ ဖေဖော်ဝါရီလ ၁၀ ရက်ညမှ ၁၁ ရက်နေ့မွန်းလွဲပိုင်းခန့်ထိ မြဝတီ အဆင်းယာဉ်တန်းများ အားစစ်ဆေးမှုများပြုလုပ်ခဲ့ပါတယ်။ ထိုသို့စစ်ဆေးရာ မှာ မှန်လုံယာဉ် ၁၂ စီးနဲ့ ဟိုင်းလပ် ယာဉ် ၂ စီးမှ ကျပ် ၃၆၂ သိန်းကျော်တန်ဖိုးရှိ ှSinga Beer ၊ Chang Beer ၊Diablo Beer ၊SPY Wine၊ Vodka အရက်၊ စကော့ဝီစကီ၊ ကားပစ္စည်းများ၊ ဂီယာဝိုင်၊ စားသောက်ကုန်များ (ကြက်ဥမြေပဲ၊ Green Peas ၊ အုန်းနို့၊ Queen  အချိုရည်၊ ကိုကာကိုလာအချိုရည်၊ ပဲနို့၊ ဘူးခေါက်ဆွဲခြောက်၊ ဝေဖာ၊ ဘီစကစ်၊ ဂျယ်လီ၊ လစ်ပို၊ ကော်ဖီ၊ အချိုမှုန့်၊ ငါးသေတ္တာ၊ ကော်ဖီကရင်မ်မာ၊ စားဆီ၊ ကွမ်းစားဆေး၊ ပိန်ဆေး၊ အဆီချဆေး၊ ကြီးထွားဆေး၊ ဆံပင်ဆိုးဆေး၊ ကျား/မ ကလေးဝတ်ဂျင်းအထည်များ၊ ဆွဲသားများ၊ စွပ်ကျယ်များ၊ အမျိုးသမီး ဆံညှပ်/ကလစ်များ ကိုစစ်ဆေးတွေ့ရှိရတဲ့အတွက် အကောက်ခွန် အမှုတွဲ ၁၄ ခုဖွင့် လှစ်ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းနဲ့အညီ ဆောင်ရွက်ထားပြီးပြီဖြစ်ကြောင်း သိရပါတယ်။Source: လရ-၂၊ MTN