Main menu

Background

မြင်းခြံဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးသစ်တွေ ဈေးကွက်စဝင်ပြီး ပဲစင်းငုံနီ ဈေးစွာ

Mon, 02/18/2013 - 08:13 -- ydnar

မြင်းခြံဈေးကွက်မှာ ဒီတစ်ပတ် ဈေးကွက်သို့ ကုလားပဲဖြူလုံး ကြီး(သစ်)တွေ စတင်ဝင်ရောက်လာပြီး အဖွင့်ဈေးက တစ်ပိဿာ ၈၅၀ ကျပ်(တစ်တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးနဲ့ ဈေးဖွင့်အရောင်းရှိ သလို ရန်ကုန်ဝယ်လက် နဲ့ ဒေသတွင်းခွဲစက်တွေကလည်း ဝင်သ လောက် အဝယ်ရှိနေတယ်လို့ ဆိုပါတယ်။ ဈေးကွက်မှာ အရောင်း အဝယ်သွက်နေတဲ့ ပဲစင်းငုံနီကို ရန်ကုန်အဆွဲများပြီး မြို့ခံလှောင် လက်တွေလည်း ဝယ်အားအထိုက်အလျောက် ရှိခဲ့တယ်လို့ ဈေးကွက် အတွင်းမှ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၀၀ ကျပ်(တစ်တန်ကို ၅၅၁၁၅၁ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။