ဟင်္သာတဈေးကွက်မှာ မတ်ပဲ(သစ်)နဲ့ ပဲပုပ် အရောင်းအဝယ်ပုံမှန်ဖြစ်
ဟင်္သာတဈေးကွက်မှာ မတ်ပဲ(ဟောင်း)တွေ ပစ္စည်းလက်ကျန် မရှိသလောက်ဖြစ်သွားပြီး ဈေးကွက်ထဲစဝင်နေတဲ့ မတ်ပဲ(သစ်)တွေ ကို ရန်ကုန်ဝယ်လက်က တစ်ပိဿာ ၆၉၅ ကျပ် (တစ်တန်ကို ၄၂၅၆၁၁ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ မှ ၃၀၀ ကြားပုံမှန် အဝယ်ရှိနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒေသထွက်ပဲပုပ်ကိုလည်း ရန်ကုန်အဆွဲများလာသလို ရောင်းသူ ကုန်သည်များကလည်း ဝယ် ဈေးကို ကြိုက်နှစ်သက်လို့ အရောင်းများခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၅၅ ကျပ် (တစ် တန်ကို ၅၂၃၅၉၃ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။
