မကွေးမှာ ပဲစင်းငုံနီနဲ့ ပဲတီစိမ်းဈေးမာသလို နှမ်းမျိုးစုံလည်း တက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေ

မကွေးဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီက  ဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို ရန်ကုန်ဝယ်လက် နဲ့ လှောင်လက် များကလည်း ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၉၅ ကျပ်(တစ်တန်ကို ၅၄၈၀၈၉ ကျပ်)ဈေးနဲ့ နေ့ စဉ်အိတ် ၃၀၀ မှ ၅၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရ ပါတယ်။ ဒါ့အပြင် ပဲတီစိမ်းကိုလည်း ရန်ကုန်-မန္တလေးဝယ်လက်က အရည်အသွေးပေါ်မူ တည်ပြီး ဈေးပေးအဝယ် ရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၁၁၆၉ ကျပ်(တစ်တန်ကို ၇၁၅၈၈၃ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ မှ ၄၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦး ကဆိုပါတယ်။ နှမ်းမျိုးစုံကို ရန်ကုန်-မန္တလေးဝယ်လက်နဲ့ မြို့ခံဆီ စက်လုပ်ငန်းရှင်တွေ ဝယ်အားပုံမှန်ရှိလို့ ယခင်အပတ်နဲ့စာရင် ဈေးက အမြင့်မှာရှိနေတယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက နှမ်းနီတစ်ပိဿာ ၂၃၆၀ ကျပ်၊ နှမ်းဖြူတစ်ပိဿာ ၂၆၀၀ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၂၅၆၀ ကျပ်၊ နှမ်းနက်စမုံတစ် ပိဿာ ၂၈၄၅ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၁၄၀၀ ခန့် ဖြစ်ခဲ့ကြောင်း မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။