မူဆယ်မှာ ပြောင်းအဝင်လျော့သလို အရောင်းအဝယ်လည်းအေး
မူဆယ်ဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းက ဈေးကွက်သို့ အဝင် ပါးလာတယ်။ အဓိကအကြောင်းကတော့ တရုတ်နှစ်သစ်ကူးပွဲတော် ကြောင့် တရုတ်ကုန်သည်များ တရုတ်ဘက်သို့ အပြန်များလို့ ပြောင်း အရောင်းအဝယ် လည်း ကျဲလာတယ်လို့ဆိုပါတယ်။ လက်ရှိဈေးကွက် ထဲမှာ ပြောင်းမက်တန် ၇၀၀၀ ခန့်သာအဝင်ရှိပြီး သိုလှောင်ရုံအတွင်း မှာသာ ချထားပေမယ့် အရောင်းအဝယ်တော့ မဖြစ်ခဲ့ကြောင်း ပွဲရုံ ရပ်ကွက်ကဆိုပါတယ်။
