မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီဈေးစွာပြီး မတ်ပဲ၊ ကုလားပဲဖြူလုံးကြီၤးနဲ့ ပဲလွန်းဖြူ ဈေးဆင်းကာ ပဲတီစိမ်း ဈေးတန့်

မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်နဲ့ ဒေသ တွင်းလှောင်လက်တွေ အဝယ်ဆုံလို့ ယခင်အပတ်နဲ့ စာရင် ဈေးမြင့် လာပြီး တစ်ပိဿာကို ၉၀၀ ကျပ်(တစ်တန်ကို ၅၅၁၁၅၁ ကျပ်)ဈေး နဲ့တစ်ရက်ကိုအိတ် ၁၀၀၀ မှ ၁၅၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ပဲစင်းငုံနီ(ရွှေဘို)စကိုလည်း ရန်ကုန် ဝယ်လက်နဲ့ မြို့ခံခွဲစက်များက ဝယ်လိုအားပုံမှန်ရှိခဲ့သလို ရောင်းလက် များကလည်း အဆိုပါဈေးနဲ့ အရောင်းပုံမှန်ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၇၅ ကျပ် (တစ်တန်ကို ၄၇၄၆၀၂ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၇၀၀ မှ ၈၀၀ ကြားဖြစ်ခဲ့တယ်  လို့သိရပါတယ်။ မတ်ပဲကို ရန်ကုန်ဝယ်လက် ဝယ်အားပါးပြီး မြို့ခံပဲ ခွဲစက်တွေသာ ဝယ်အားရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအ နည်းငယ်ကျလာပြီး တစ်ပိဿာကို ၇၀၀ ကျပ်(တစ်တန်ကို ၄၂၈၆၇၃ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၆၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါ တယ်။ ရောင်းလက်တွေထံမှာ ပစ္စည်းလက်ကျန်နည်းသွားပြီဖြစ်တဲ့ ကုလားပဲဖြူလုံးကြီးကို ခွဲစက်တွေက ဈေးချ အဝယ်ရှိသလို ဝယ်အား ပါနည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်သို့ ဦးတည်နေကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိ ဿာ ၈၄၇ ကျပ်(တစ်တန်ကို ၅၁၈၆၉၇ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၃၀၀ ခန့်သာဖြစ်ခဲ့တယ်လိ့ု ဈေးကွက်အတွင်းမှသိရပါတယ်။ အရောင်းအဝယ် တောက်လျှောက်ကောင်းခဲ့တဲ့  ပဲတီစိမ်းကြီးကို တရုတ်ဝယ်လက်က နှစ်ကူးအပြီးမှာ ဝယ်လိုအား ပုံမှန်ထက်စာရင် အနည်းငယ် လျော့သွား တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအ ပြောင်းအလဲမရှိဘဲ ဈေးတန့်နေတယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၂၀၉ ကျပ်(တစ်တန်ကို ၇၄၀၃၇၉ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၈၀၀ မှ ၁၀၀၀ ကြားဖြစ် ခဲ့တယ်လို့ သိရပါတယ်။ ဒေသထွက် ပဲလွန်းဖြူကို တရုတ်ဝယ်လက် ကနှစ်ကူးအပြီးမှာ အဝယ် အနည်းငယ်အေးသွားတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာပြီး တစ်ပိဿာကို ၉၁၇ ကျပ် (တစ်တန်ကို ၅၆၁၅၆၁ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၃၀၀ ခန့်သာဖြစ် ခဲ့ကြောင်း သိရပါတယ်။ နှမ်းဖြူနဲ့ နှမ်းနက်ကို တရုတ်အဆွဲပုံမှန်ရှိ သလို နှမ်းညိုကိုလည်း  မြို့ခံဆီစက်လုပ်ငန်းရှင်တွေ ဝယ်အားပုံမှန် ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ နှမ်းဖြူတစ်ပိဿာ ၂၄၈၉ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၂၄၄၄ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၂၂၂၂ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၂၀၀၀ မှ ၂၅၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။