ရေစကြိုဈေးကွက်မှာ ပြောင်း ပုံမှန်အရောင်းအဝယ်ဖြစ်
ရေစကြိုဈေးကွက်မှာ ဒီတစ်ပတ် ပြောင်းက ဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို ရန်ကုန်ဝယ်လက်ကလည်း ဝယ်အားပုံမှန်ရှိနေ တယ်လို့ ဆိုပါတယ်။ ပြောင်းက အရည်အသွေးမဆိုးဘူးလေ။ ဒါ ကြောင့် ဝယ်လက်တွေ က ဈေးပေးအဝယ်ရှိနေသလို ရောင်းလက် တွေကလည်း တက်ဈေးမှာ အရောင်းများလာတယ်လို့ မြို့ခံပြောင်း ကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၃၉၅ ကျပ်ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ မှ ၄၀၀ ကြားဖြစ်ခဲ့တယ် လို့သိရပါတယ်။
