Main menu

Background

ဆီစက်သမားများကြောင့် အရောင်းအဝယ်ပုံမှန်ဖြစ်

Mon, 02/18/2013 - 08:22 -- ydnar

ပြည်ဈေးကွက်တွင် ယခုအပတ်မှာ နှမ်းဈေးအနည်းငယ်ကျလာတာတွေ့ရပါ တယ်။ မင်းတုန်း၊ မြန်အောင်၊ ကြံခင်းနဲ့ အောင်လံဘက်မှ တစ်နေ့ကို နှမ်းအိတ် ၇၀၀ - ၈၀၀ ခန့် ဝင်ရောက်လာပြီး၊ ပြည်ဆီစက်နဲ့ ရန်ကုန်ဆီစက် များက အဝယ်ရှိ နေသော်လည်းဈေးအနည်းငယ်ကျလာရပါတယ်။ နှမ်းနီကိုဆီစက်သမားများက ရ သလောက် အဝယ်ရှိခြင်း၊ စားသုံးသူများမှ နှမ်းဆီကို အဓိကထားစားသုံးသဖြင့် နှမ်းဆီဈေး မှာ မြေပဲဆီဈေးထက်မြင့်လာ ပါတယ်။ နှမ်းနီတစ်တင်းကို ၃၄၀၀၀ ကျပ်နဲ့ နှမ်းနက်တစ်တင်းကို ၃၈၃၀၀ ကျပ်ဈေးနဲ့ ဈေးအနည်းငယ်လျော့လာ ပါတယ်။ ရောင်းဝယ်မှုမှာလည်းတစ်နေ့ကို နှမ်းအိတ် ၈၀၀ ခန့်အရောင်းအဝယ်ဖြစ်ပြီး၊  နှမ်း ဆီတစ်ပိဿာကို ၄၀၀၀ကျပ်ဈေးနဲ့ ယခင်အပတ်ထက်ဈေးမြင့်လာတာ တွေ့ရပါ တယ်။         ဝေေ၀မင်း-ပြည်