Main menu

Background

အရောင်းအဝယ်ပါးလို့ စားအုန်းဆီဈေး ကျဆင်း

Mon, 02/18/2013 - 08:25 -- ydnar

ရေရှည်အားလပ်ရက် ရက်သတ္တပတ်ကုန်နောက်ပိုင်း ဖေဖော်ဝါရီ ၁၃ ရက်က မလေးရှား စားအုန်းဆီဈေးဟာ ရက်သတ္တပတ် နှစ်ပတ်အတွင်း အနိမ့်ဆုံးနှုန်းကို ရောက်ရှိခဲ့ပါတယ်။ မလေးရှားစားအုန်းဆီဘုတ်အဖွဲ့မှ ထုတ်ပြန်တဲ့ စာရင်းများအရ ကမ္ဘာမှာစားအုန်းဆီအများဆုံးထုတ်တဲ့ မလေးရှားရဲ့ စားအုန်းဆီသိုလှောင်ရုံ လက် ကျန်မှာ ၁ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ပြီး၊ ဇန်နဝါရီလမှာ တန် ၂ ဒသမ ၅၈ သန်းထိရောက်ရှိခဲ့ပါတယ်။ ဒီအခြေအနေမှာ မကြာသေးမီက ရောက်ရှိခဲ့တဲ့အခြေ အနေမျိုးကို ရောက်ခဲ့ပေမဲ့ အဆမတန်ကျလောက်မယ့် အခြေအနေမရှိတာ ကို တွေ့ရပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်မှာ ထုတ်ပြန်မဲ့စစ်တမ်းကောက်ယူရေး အေဂျင်စီ Societe General de    Surveillance  ရဲ့ စားအုန်းဆီပြည်ပတင်ပို့မှု သတင်းအချက်အလက်များကို ရင်းနှီးမြှုပ်နှံသူတို့ က စောင့်ကြည့်လျက်ရှိ ပါတယ်။ ယခင်ကအလားတူကာလနဲ့ နှိုင်းယှဉ်ပါက ဖေဖော်ဝါရီလပထမ ၁၀ ရက်မှာ မလေး ရှားနိုင်ငံရဲ့ ပြည်ပတင်ပို့မှုဟာ ၁၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ကုန်စည်စစ်တမ်း ကောက်ယူရေးအဖွဲ့ Intertek Testing Service အဖွဲ့က ပြောပါတယ်။

"ဇန်နဝါရီလ နောက်ဆုံး ၅ ရက်အတွင်း ပို့ကုန်လုပ်ငန်းဟာ တစ်ရက်ကို ပျမ်းမျှတန် ၅၀၀၀၀ တင်ပို့ခဲ့ရပါတယ်။ ဒီအခြေအနေက ကောင်းတဲ့အခြေအနေ ဖြစ်ပါတယ်။ ဒီအခြေအနေက ဖေဖော်ဝါရီထိပါလာမယ်လို့ ကျွန်တော်တို့ခန့်မှန်း ထားပါတယ်။ ဒါပေမဲ့ လုံးဝဖြစ်မလာနိုင်ပါဘူး"လို့ မလေးရှားရှိ နိုင်ငံခြားကုန်စည် ပွဲစားလုပ်ငန်း ဆောင်ရွက်နေသူ ကုန်သည်တစ်ဦးက ပြောပါတယ်။   UNT