ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူနဲ့ ရုရှားမှ မြေသြဇာများဝင်ပြည်တွင်းကို ပင်လယ်ရေကြောင်းလမ်းမှ ဖေဖော်ဝါရီ ၂ ရက်မှ ၉ ရက်နေ့တာ ကာလအတွင်း မြေသြဇာ ၂၁၅၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ငါးသိန်းကျော် ဖိုးကို မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံမှ GYPSUM မြေသြဇာ တန်ချိန် ၁၂၀၊ ကွန်ပေါင်းတန်ချိန် ၄၈၀၊ NPK မြေသြဇာတန်ချိန် ၂၄၀ ၊ စင်ကာပူ နိုင်ငံမှ ဖော့စဖိတ်မြေသြဇာ ၃၇၈ တန်၊ ကွန်ပေါင်းမြေသြဇာ ၂၂၅ တန်၊ ရုရှားနိုင်ငံမှ ကောမတ်မြေသြဇာ တန်ချိန် ၅၀၀၊ ဗီယက်နမ်နိုင်ငံမှ သြဂဲနစ်မြေ သြဇာတန်ချိန် ၂၁၀ တင်သွင်းခဲ့တယ်လို့သိရပါတယ်။ MIRT (DOT)
မြဝတီနယ်စပ်မှ ဓာတ်မြေသြဇာသွင်းမြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်သွင်းလာတဲ့ ဓာတ်မြေသြဇာများ ကို ကော့ကရိတ်မြို့တွင် ကုန်ရောင်းချရန်အတွက် မှာယူတာ ဖြစ်ပြီး ကော့ကရိတ်မြို့အနီးတစ်ဝိုက်ရှိ ရွာများသို့ စိုက်ပျိုးရေးလုပ်ငန်းများတွင်သုံးစွဲ ရန် ဖြန့်ဖြူးရောင်းချတာဖြစ်ကြောင်းနဲ့ လိုအပ်မှသာ မှာယူတာဖြစ်ေ ကြာင်း မြဝတီ နယ်စပ်ကုန်သည်တစ်ဦးထံမှ သိရှိရပါတယ်။ တင်သွင်းတဲ့ ဓာတ်မြေသြဇာကတော့ ရွက်ဖျန်းဓာတ်ေြ မသြဇာအမျိုးအစားဖြစ်ကာ Thiourea N:36 % အမှတ်တံဆိပ် ဖြစ်ပါတယ်။ဖေဖော်ဝါရီ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်းမှာ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၄၇၇ သန်းတန်ဖိုးရှိတဲ့ ဓာတ်မြေသြဇာ ၁၅၄၇၇ တန်ကျော်တင်သွင်းခဲ့ပါတယ်။ နယ်စပ်အလိုက်တင်သွင်းမှုတွေကတော့ မူဆယ်မှ ၇၄၉၆ တန်ကျော်၊ ကော့သောင်းမှ ၇၆၁၅ တန်၊ မြိတ်မှ ၁၃၅တန်၊ မြဝတီမှ တန် ၉၀၊ ရိဒ်မှ ၁၄၁ တန်အသီးသီးဖြစ်ပါတယ်။ ဆွေဆွေဝင်း
အပြောင်းအလဲမရှိ ဈေးကွက်အေးနေဆဲ ဓာတ်မြေသြဇာယခုသီတင်းပတ်တွင် ပြည်တွင်းကို ရေလမ်းမှ မြေသြဇာအဝင်က ယခင်တစ် ပတ်ထက် လျော့နည်းခဲ့ပေမဲ့ နယ်စပ်မှ ဒီတစ်ပတ်အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ မြေသြဇာဈေးကွက်ထဲ တီစူပါသာဈေးအနည်းငယ်မြင့်ပြီး ကျန်မြေသြဇာဈေးကငြိမ် နေတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲပစ္စည်း အဝင်များပြီး အသုံးနည်း တာကြောင့် ဈေးကကျနေတာလို့ ဆိုပါတယ်။ပြည်တွင်းဈေးကွက်များဖြစ်တဲ့ ရန်ကုန်၊ တောင်ကြီး၊ မကွေး ဈေးကွက် တွေ မှာ မြေသြဇာဈေးကျနေ သလို မော်လမြိုင်၊ ပဲခူးဈေးကွက်မှာတော့ ယခင် တစ်ပတ်ဈေး အတိုင်းငြိမ်နေတယ်လို့ သိရပါတယ်။ အရောင်း အဝယ်က ရန်ကုန်ကလွဲပြီး ကျန်မြို့ များမှာ အရောင်းအဝယ်အေးတယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိနေတယ်လို့ ဆိုပါတယ်။ ဆောင်း သီးနှံစိုက်ပျိုးမှု နည်းသွားပေ မဲ့ နွေစပါးစိုက်တဲ့ ဒေသတွေက အမှာရှိတာကြောင့် ပုံမှန်အရောင်းအဝယ်တော့ရှိတယ်။ အရောင်းအဝယ်ရှိပေ မဲ့ မြေသြဇာဈေးများမှာ ယူရီးယား၊ ပိုတက်(အိန္ဒိယ)က ဈေးငြိမ်ပေမဲ့ (ထိုင်း)ကတော့ ယခင်ဈေးထက် ၃၅၀၀ ကျပ် ဈေးထပ်ကျလာပြီး တီစူပါ (သံကွင်း-တရုတ်) က ဈေးနည်းနည်း မြင့်လာတယ်လို့ သိရပါတယ်။ ကွန်ပေါင်း (ထိုင်း) ၁၅ ပတ်လည်က ဈေးကွက်ထဲ ပစ္စည်းပြတ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်နေတဲ့ဈေးနှုန်းက ယူရီးယား(နေရွက်လှေ-တရုတ်) ၁၉၃၀၀ ကျပ်၊ ယူရီး ယား (ရွှေတောင်) ၁၉၀၀၀ကျပ်၊ တီစူပါ(သံကွင်း-တရုတ်) ၁၉၈၀၀ ကျပ်၊ ပိုတက် (ထိုင်း) ၃၄၅၀၀ ကျပ်၊ ပိုတက်(အိန္ဒိယ) ၂၃၈၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ စော်ဘွားကြီးကုန်း မြေသြဇာအရောင်းဆိုင်မှ စုံစမ်းရရှိခဲ့ပါတယ်။တောင်ကြီးဈေးကွက်မှာ မြေသြဇာက ဒီတစ်ပတ်မှာလည်း အရောင်းအဝယ် အေးတယ်လို့ သိရပါ တယ်။ ဆောင်းသီးနှံစိုက်ပျိုးတာလည်း ပြီးသလောက်ဖြစ်နေ တယ်။ မြေသြဇာသုံးတဲ့အချိန်လည်း မဟုတ် တာကြောင့် ရောင်းအားလည်း ကျလာ တယ်။ မိုးနည်းနည်းလိုက်လာမှဘဲ အဝယ်ရှိလိမ့် မယ်လို့ ခန့်မှန်းကြ ပါတယ်။ ဒီတစ် ပတ် ယူရီးယား-ပုလဲကဈေးငြိမ်နေပြီး တီစူပါ၁၂%၊ တီစူပါ ၁၀း၁၀း၅၊ ဓာတ်ဆားက ဈေးကျလာပြီး ပိုတက်မြေသြဇာတစ်မျိုးပဲ ဈေးအနည်းငယ်မြင့်လာတယ်လို့ သိရပါ တယ်။ တစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ဈေးမှာ ယူရီးယား(ကမ္ဘာလုံး) နဲ့ ယူရီးယား(ရွှေတောင်) ၁၉၀၀၀ ကျပ်၊ ယူရီးယား(ပန်းဖူး) ၁၉၀၀၀ ကျပ်၊ တီစူပါ ၁၂%-တရုတ် ၇၀၀၀ ကျပ်၊ တီစူပါ ၁၆%(တရုတ်) ၈၀၀၀ ကျပ်၊ ပိုတက်(တရုတ်) ၂၄၅၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၅၀၀၀ ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်) ၁၃၅၀၀ ကျပ်၊ ဓာတ်ဆား (တရုတ်) ၁၃၀၀၀ ကျပ်၊ မြားကမ္ဘာ ၁၂၅၀၀ ကျပ်ဈေးရှိတယ်လို့ မြေသြဇာအရောင်းဆိုင်မှ စုံစမ်းသိ ရှိရပါတယ်။မကွေးမြေသြဇာဈေးကွက်မှာ အရောင်းအေးနေတယ်လို့ သိရပါတယ်။ ဒီအချိန်က မြေသြဇာအသုံးလည်းနည်း တာကြောင့် အရောင်းလည်းပါးတယ်။ ဈေး ကလည်း အတက်သိပ်မရှိဘူး။ အကျဈေးနဲ့ငြိမ်နေတာများတယ်။ ဒီတစ်ပတ် စိုက်ပျိုး ရေးပွဲရုံတန်းမှာ အရောင်းအဝယ်ဖြစ်တဲ့ မြေသြဇာဈေးက ယူရီးယား-ပုလဲ (ရွှေ တောင်-တရုတ်) ၁၉၈၀၀ ကျပ်၊ ယူရီးယား (ပန်းဖူး-တရုတ်) ၁၉၈၀၀ ကျပ်၊ တီစူပါ (GTP) ၂၄၅၀၀ ကျပ်၊ မြားကမ္ဘာ-တရုတ် ၁၂း၁၃ (အစိမ်း)(အပြာ)၁၃၃၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅ (တရုတ်) ၁၃၂၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ ၁၄၃၀၀ ကျပ်၊အာမို ၁၅း၁၅း၁၅ ၃၅၃၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ ၃၃၃၀၀ ကျပ်၊ အောင်ကမ္ဘာ ၁၀း၁၀း၅ ၁၅၈၀၀ ကျပ်၊ ပိုတက် ၂၄၅၀၀ ကျပ်၊ တောင်သူမ ၁၃၅၀၀ ကျပ်ဖြစ်တယ်လို့ စုံစမ်း သိရှိရပါတယ်။ပဲခူးဈေးကွက်မှာ အရောင်းအဝယ်အေးတာကြောင့် မြေသြဇာဈေးကလည်း အကျဘက်မှာ ရှိနေတယ်။ အခုအချိန်က သီးနှံစိုက်ပျိုး အားနည်းတာကြောင့် အရောင်းအဝယ်က အေးရတာဖြစ်တယ်လို့ သိရပါတယ်။ မြေသြ ဇာဈေးက ယခင် တစ်ပတ်ဈေးထက် တစ်အိတ်ကို နှစ်ရာမှ ငါးရာကျပ်အတွင်း ဈေးကျလာပါတယ်။ ဒီတစ်ပတ်အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ယူရီးယား(ပန်းဖူး)၂၀၃၀၀ကျပ်၊ ရွှေ တောင် (တရုတ်) ၁၉၅၀၀ ကျပ်နဲ့ ကမ္ဘာလုံး (တရုတ်) ၂၀၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ MIRT (DOT)