Main menu

Background

ဘိလပ်မြေဈေးနှုန်းများ (18-2-13)

Mon, 02/18/2013 - 08:32 -- ydnar

မောင်တောနယ်စပ်မှ အမှာရှိတာကြောင့် တင်သွင်းလာတဲ့ ဘိလပ်မြေ
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ်ဖြစ် တဲ့ မောင်တောနယ်စပ်မှ ဒေသသုံးအဖြစ် သုံးစွဲရန်မှာယူမှုရှိတာကြောင့် ကန်ဒေါ်လာ သုည ဒသမ ၀၇၀ သန်း တန်ဖိုးရှိ ဘိလပ်မြေများတင်သွင်းခဲ့ပါတယ်။ တင်သွင်းလာတဲ့ ဘိလပ်မြေများ ကို မောင်တော နယ်စပ်တစ်ဝိုက် နဲ့ ဘူးသီးတောင်ဒေသရှိ အရောင်းဆိုင်များတွင် ဖြန့်ဖြူးရောင်းချ လျက်ရှိကြောင်း နယ်စပ်ကုန်သည်တစ်ဦးထံမှ သိရှိရပါတယ်။ Ruby Brand ဘိလပ်မြေ အမျိုးအစားဖြစ်ကာ ဒေသပေါက်ဈေး တစ်အိတ်လျှင် ကျပ် ၆၀၀၀ ရှိကြောင်း သိရပါတယ်။ ဖေဖော်ဝါရီ ၆ ရက်မှ ၁၂ ရက်ထိ ကာလအတွင်းမှာ နယ်စပ်စခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၆၀၄ သန်းတန်ဖိုးရှိတဲ့ ဘိလပ်မြေ ၄၆၇၇ တန်ကျော်ကိုတင်သွင်းခဲ့ပါတယ်။ နယ်စပ်အလိုက်ဘိလပ်မြေ တင်သွင်းမှု တွေကတော့ မူဆယ်မှ ၃၂၉ တန်ကျော်၊ လွယ်ဂျယ်မှ တန် ၉၀၊ ကန်ပိုက်တီးမှ ၆၈၂တန်၊ တာချီလိတ်မှ ၃၀၁တန်ခန့်၊ မြိတ်မှ ၁၂၇၅ တန်၊ ကော့သောင်းမှ ၁၁၇၇ တန်ကျော်နဲ့ မောင်တောမှ ၈၂၃ တန် အသီးသီးဖြစ်ပါတယ်။ ဆွေဆွေဝင်း အရောင်းအဝယ်လည်းသွက် ရောင်းအားလည်းတက်လာတဲ့ ဘိလပ်မြေ ယခုသီတင်းတစ်ပတ်တွင် ပြည်တွင်း ကို ရေလမ်းမှ ဘိလပ်မြေတန်ချိန် နှစ် သောင်းကျော်နဲ့ နယ်စပ်လမ်းများမှ ဘိလပ်မြေ တန်ချိန် တစ်သောင်း ငါးထောင် ကျော်ဝင်လာခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမှာ အရောင်းသွက်၊ ပဲခူးမှာ အရောင်းပုံမှန်ရှိပြီး မော်လမြိုင်မှာ အရောင်းအေးတယ်လို့ သိရပါတယ်။ တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်သွက်တယ်လို့ သိရ ပါတယ်။ ဈေးကွက် ထဲပစ္စည်းအဝင်ရှိသလို အဝယ်လည်းများ တယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်ဈေးကွက်ထဲစိန် (ထိုင်း)သာ ဈေးအနည်းငယ်မြင့်ပြီး ကျန် ဘိလပ်မြေတွေ က ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ဈေးကွက် ထဲ ဒီတစ်ပတ် မြန်မာ ဆင်၊ ခြင်္သေ့နဲ့ ဆင်(ထိုင်း) က ပစ္စည်းပြတ်နေတယ်လို့ သိရပါတယ်။ ဈေးကွက် ထဲ စိန်နဲ့ နဂါးဘိလပ်မြေ က ရောင်းအားေ ကာင်းနေတယ်လို့ ဆိုပါတယ်။ ဒီတစ် ပတ်ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက စိန်ဘိလပ်မြေ ၆၄၀၀ ကျပ၊် မြို့တော်ဘိလပ်မြေ ၄၆၀၀ ကျပ်၊ ကျားခေါင်း ၅၅၀၀ ကျပ်၊ နဂါးဘိလပ်မြေ ၅၃၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ တောင်ကြီး မြို့မဈေးအနောက်ဘက်၊ အနောက်မြို့ပတ်လမ်းမှာရှိတဲ့ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်းသိရှိခဲ့ပါတယ်။ မန္တလေးဘိလပ်မြေဈေးကွက်မှာ ဒီတစ်ပတ်ရောင်းအားတက်တယ် လို့ သိရပါ တယ်။ အေသုံးလုံးဘိလပ်မြေက အဝယ်လိုက်သလို ရောင်းအားလည်း ကောင်းတယ် လို့သိရပါတယ်။ အဝယ်လိုက်သလို ဈေးကလည်းပေမဲ့ ဈေးက တစ်ရာဝန်းကျင် ဈေးမြင့်လာတယ်လို့ပြောပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲမှာ အေသုံးလုံးဘိလပ်မြေ တစ်မျိုးသာဈေးမြင့်ပြီး ကျန်ဘိလပ်မြေများက ယခင်ဈေးနဲ့ အရောင်းအဝယ်ဖြစ် တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ ဘိလပ်မြေဈေးနှုန်းတွေက အေသုံးလုံး ၅၆၀၀ ကျပ်၊ မြန်မာ ဆင် ၅၁၀၀ ကျပ်၊ ဆင် (ထိုင်း) ဘိလပ်မြေ ၆၀၀၀ ကျပ်၊ စိန်(ထိုင်း) က ၆၀၀၀ ကျပ်၊ ဆင်မင်း (ကျောက်ဆည်)က ၅၀၀၀ ကျပ်၊ ကျားခေါင်း ၅၃၀၀ ကျပ်နဲ့ မြင်းခေါင်း ၄၉၀၀ ကျပ်တို့နဲ့ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တယ်လို့ ၆၂ လမ်း၊၂၉-၃၀ကြားမှာရှိတဲ့ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်းသိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပွင့်လင်းရာသီရောက်လာတာကြောင့် လည်း ရောင်း အားက တက်လာတယ်။ အရောင်းအဝယ်တက်လာပေမဲ့ ဈေးကွက်ထဲ ပစ္စည်းတွေ က ဝင်နေတာကြောင့် ဈေးကအပြောင်း အလဲသိပ်မရှိဘူးလို့ ဆိုပါတယ်။ ဒီတစ်ပတ် ဈေးကွက်အတွင်း အရောင်းအ ဝယ်ဖြစ်နေတဲ့ ဈေးကဆင်(ထိုင်း) ၄၈၀၀ကျပ်၊ စိန် ဘိလပ်မြေ ၄၆၅၀ ကျပ် မောင်းတိန်း ၄၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဘုရင့်နောင် ဘိလပ်မြေအရောင်းဆိုင်ရှင်တစ်ဦးမှ ပြောခဲ့ပါတယ်။ MIRT (DOT)