Main menu

Background

တရုတ်နယ်စပ်မှ အချိုမှုန့် ၅၅၉ တန်ကျော် တင်သွင်း

Mon, 02/18/2013 - 08:38 -- ydnar

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်များမှ ကန်ဒေါ် လာ သုည ဒသမ ၅၆၀ သန်းတန်ဖိုး ရှိ အချိုမှုန့် ၅၅၉ တန်ကျော်ကို ဖေ ဖော်ဝါရီ ၆ ရက်မှ ၁၂ ရက်ထိကာ လအတွင်းမှာ  တင်သွင်းခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ၁၆၉ တန်ကျော်နဲ့ ချင်းရွှေဟော်နယ်စပ်မှ ၃၉၀ တန် တင် သွင်းခဲ့တာဖြစ်ပါတယ်။

ယခင်အပတ်က  တရုတ်နယ်စပ်မှ အချိုမှုန့် ၆၇၂ တန်ကျော် တင်သွင်းခဲ့ တာမို့ ယခုအပတ်မှာ ၁၁၃ တန်ကျော် လျော့ နည်းတင်သွင်းတာကို တွေ့ရပါ တယ်။ တရုတ်နှစ်သစ်ကူးကာလဖြစ်တဲ့ အတွက် အချိုမှုန့်တင်သွင်း မှု လျော့ နည်းရခြင်းဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ် ဖက်နိုင်ငံ ၁ ကီလို မြေပြင်ပေါက်ဈေး များကို နှိုင်း ယှဉ်  ဖော်ပြပေးလိုက်ရပါ တယ်-ကျပ်/ကီလို မူဆယ်    ရွှေလီ ၁၂၀၀    ၁၁၅၈ တင်တင်ထွန်း  MIRT (DOBT)