Main menu

Background

အီးယူဒေသ နိုင်ငံရေးအခြေအနေ တင်းမာမှုများအပေါ် စိုးရိမ်ကြခြင်းကြောင့် ယူရိုငွေကို ဝယ်လိုအား နည်းလာ

Mon, 02/18/2013 - 08:39 -- ydnar

အီးယူဒေသ နိုင်ငံရေးတင်းမာမှုများအပေါ် စိုးရိမ်ကြခြင်းနဲ့ G-20 အစည်း အဝေးမတိုင်မီ ခန့်မှန်းချက်များစွာနဲ့ မင်သက်မိနေကြခြင်းတို့ကြောင့် ယူရိုငွေကို ဝယ်လိုအားနည်းလာတယ်လို့ သိရတယ်။ အီတလီမှာ ရွေးကောက်ပွဲကျင်း ပတော့ မည့် အခြေအနေများ၊ အစိုးရက အကျင့်ပျက်ခြစားမှုတစ်ခုမှာ ပါဝင်ပတ်သက်နေ တယ်လို့ စွပ်စွဲခံထားရတဲ့ စပိန်နိုင်ငံရဲ့ နိုင်ငံရေးတစ်ကျော့ပြန် တင်းမာမှုများ ရှိ လာခြင်းများက ယူရိုငွေအပေါ်ယုံကြည်မှု အားနည်းလာစေ တယ်လို့ သိရတယ်။

ဒါ့ကြောင့် ကန်ဒေါ်လာနဲ့ လဲလှယ်ရာမှာ နှစ်ပတ်ကြာကျဆင်းနေတဲ့ ယူရိုငွေ တန်ဖိုးဟာ ဆက်လက်ကျဆင်းနေ တာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက် ကမ္ဘာ့ ငွေလဲလှယ်နှုန်းတွေအရ တစ်ယူရိုကို ၁ ဒသမ ၃၃၈၁ ဒေါ်လာနဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ သိရတယ်။ ဖေဖော်ဝါရီ ၈ ရက်က ယူရိုငွေတန်ဖိုး တစ်ယူရိုကို ၁ ဒသမ ၃၃၅၃ ဒေါ်လာအထိ ကျဆင်းခဲ့ရာ ဇန်နဝါရီ ၂၅ ရက်နောက်ပိုင်း အနိမ့် ဆုံးတန်ဖိုးဖြစ်တယ်လို့ သိရတယ်။ကန်ဒေါ်လာအညွှန်းကိန်းမှာ သုည ဒသမ ၂၉၈ အထိ ရောက်ရှိခဲ့ရာ တစ်လ အတွင်း အမြင့်ဆုံးဖြစ်တယ်လို့ သိရတယ်။  ယန်းငွေနဲ့ လဲလှယ်ရာမှာ ကန်ဒေါ်လာ တန်ဖိုးက နှစ်နှစ်ခွဲကာလအတွင်း အမြင့်ဆုံးကို ရောက်ရှိခဲ့ပြီး တစ်ဒေါ်လာကို ၉၃ ဒသမ ၃၃ ယန်းအထိ ရောက်ရှိခဲ့တယ်။ ဂျပန်ဗဟိုဘဏ်က ငွေကြေး မူဝါဒ ဖြေလျော့မယ့်အစီအစဉ်အပေါ် မျှော်လင့်ချက် အားကောင်းနေဆဲဖြစ်ပြီး ဂျပန် ယန်းတန်ဖိုး ဆက်လက် ကျဆင်းတယ်လို့ သိရတယ်။ ဂျပန်ယန်းအပြင် ကန် ဒေါ်လာက ပေါင်ငွေနဲ့ လဲလှယ်ရာမှာ လည်းကောင်း၊ ကနေဒါ၊ သြစတြေးလျနဲ့ နယူးဇီလန်ဒေါ်လာတွေနဲ့ လဲလှယ်ရာမှာလည်းကောင်း တန်ဖိုးမြင့်လာတယ်လို့ သိရ ပါတယ်။                                                           ပပ