Main menu

Background

ပြင်ပငွေကြေးဈေးကွက်တွင် ရောင်းဈေးနှင့် ဝယ်ဈေး တူညီလုနီးပါးဖြစ်နေ

Mon, 02/18/2013 - 08:41 -- ydnar

ပြင်ပငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်းတွင် ရောင်း ဈေးနှင့် ဝယ်ဈေးများ တူညီလုနီး ပါးဖြစ်လျက်ရှိကြောင်း သိရသည်။ပုဂ္ဂလိကဘဏ် များ၏ ငွေလဲစင်တာများနှင့်  ဘဏ်မဟုတ်သည့် ပုဂ္ဂလိက ငွေလဲ စင်တာများတွင် ရောင်းဝယ်သည့် ဈေးနှုန်းများသည် ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် ရည်ညွှန်း ငွေလဲနှုန်းေ ပါ်တွင်သတ်မှတ်၍ ရောင်းဈေး၊ ဝယ်ဈေးကို သတ်မှတ်ထားသော် လည်း ပြင်ပငွေလဲေ ဈးကွက် တွင်မူ အဆိုပါ ငွေလဲစင်တာများက သတ်မှတ်ထား သည့်နှုန်း အောက်သို့လျှော့ချ ကာ ရောင်းဝယ် လျက်ရှိကြောင်း သိရသည်။

"ကျွန်တော်တို့အပြင်မှာက ငွေလဲစင်တာတွေက သတ်မှတ်ထားတဲ့နှုန်း ထက် ရောင်းဈေးရော ဝယ်ဈေး ပါ ဈေးလျော့ပြီး ရောင်းဝယ်နေကြရတယ်။ အရင်တုန်း ကလို ရောင်းဈေးကိုမြှင့်ပြီး ရောင်းတာတို့ ဝယ်ဈေးကိုလျော့ပြီး ဝယ်တာတို့လုပ်လို့ မရတော့ဘူး။ ငွေလဲစင်တာတွေက သတ်မှတ်ထား တဲ့ ရောင်းဈေးအောက်ေ လျှာ့ရ မယ်။ ဝယ်ဈေးနဲ့တူရမယ်ဆိုပြီး ဈေးကို သတ်မှတ်လိုက်တော့ ကျွန်တော်တို့ဆီ မှာ ရောင်းဈေးနဲ့ ဝယ်ဈေးက ဈေးသိပ်မ ကွာတော့ဘူးပေါ့။ အများဆုံးကွာလည်း တစ်ကျပ် လောက်ပဲကွာတော့တာ" ဟု ငွေလဲဈေးကွက် အတွင်းမှ ကိုဦးကဆိုသည်။သိမ်ဖြူငွေလဲစင်တာတွင် အမေရိကန်တစ်ဒေါ်လာလျှင် ရောင်းဈေး ၈၆၂ ကျပ်၊ ဝယ်ဈေး ၈၅၈ ကျပ်ဟုသတ်မှတ်ထားသော်လည်း ပြင်ပငွေကြေးဈေးကွက် တွင်မူ ဖေဖော်ဝါရီ ၁၁ ရက်က ရောင်းဈေး ၈၅၈ ကျပ်၊ ဝယ်ဈေး ၈၅၇ ကျပ်ရှိခဲ့ပြီး ဖေဖော်ဝါရီ ၁၄ ရက်တွင် ရောင်းဈေး ၈၅၈ ဒသမ ၂၅ ကျပ် ဝယ်ဈေး ၈၅၈ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်ကို တွေ့ရသည်။ ဖေဖော်ဝါရီ ၁၅ ရက်တွင်မူ ရောင်း ဈေး ၈၅၈ ဒသမ ၂၅ ကျပ်ရှိခဲ့ပြီး ဝယ်ဈေး ၈၅၇ ကျပ်ရှိခဲ့ကြောင်း သိရသည်။ မယ်သီတာ