Main menu

Background

မြန်မာ့ရွှေဈေး တစ်ပတ်အတွင်း ကျပ်ငါးထောင်ကျော် ကျဆင်းသွား

Mon, 02/18/2013 - 08:45 -- ydnar

မြန်မာ့ရွှေဈေးသည်   တစ်ပတ် အတွင်း ကျပ် ငါးထောင်ကျော်အထိကျ ဆင်းသွားကြောင်း သိရသည်။ တရုတ် နှစ်သစ် ကူးပွဲတော်ကာလဖြစ်နေခြင်းနှင့် အိန္ဒိယမှ ရွှေသွင်းကုန်ခွန်ကို တိုးမြှင့် ကောက်ခံနေခြင်း တို့ကြောင့် ရွှေဝယ် လိုအားများ ကျဆင်းသွားခဲ့ရာ ရွှေဈေး နှုန်းများ ဆက်တိုက်ကျဆင်းနေ ရခြင်း ဖြစ်ကြောင်း ရွှေ ဘုံသာလမ်းရှိ ရွှေကုန် သည်တစ်ဦးက သုံးသပ်ပြခဲ့သည်။

"မြန်မာ့ရွှေဈေးက ခုရက်ပိုင်းမှာ ကျနေဦးမှာပဲ။  တရုတ်နှစ်သစ်ကူးပွဲ တော်ကာလက  ရက်ရှည်တော့ ခုလိုပဲ ကျနေမှာပဲ။ နောက်ပြီး အိန္ဒိယကလည်း ရွှေသွင်းကုန်ခွန်ကို မြှင့်တင်လိုက်တော့ ရွှေဝယ်လိုအားကျသွားတယ်။ ရွှေဝယ် လိုအားကျသွားတဲ့အတွက် ရွှေဈေးက ကျသွားရတာပါ။ တရုတ်နှစ်ကူးပြီးသွား ရင်တော့ အထိုက်အလျောက်ပြန်တက် လာမှာပါ။ နယ်စပ်မှာလည်း ရွှေအဝယ် မရှိသလောက်ကိုဖြစ်နေတာ။ တရုတ် နှစ်ကူးရှိတဲ့ကာလဆိုရင် ရွှေဈေးက အခုလိုပဲ ကျသွားတတ်တယ်။ ရွှေဈေး ကျတော့   ဝယ်ရောင်းသမားတွေ အခက်တွေ့နေတာပေ့ါ။ အထည်ဝယ် တဲ့သူတွေပဲ များတယ်"ဟု ရွှေဘုံသာ လမ်းအတွင်းမှ ရွှေကုန်သည် ဦးတင်မြင့် က ဆိုသည်။မြန်မာ့ရွှေဈေးသည် ဖေဖော်ဝါရီ  ၁၁ ရက်က ကျပ် ၇၆၂၈၀၀ ရှိခဲ့ရာ   မှ ဖေဖော်ဝါရီ ၁၃ ရက်တွင်  ကျပ် ၇၅၉၇၀၀ ရှိခဲ့သည်။ ထို့နောက် ဖေဖော် ဝါရီ ၁၄ ရက်တွင် ကျပ် ၇၅၉၀၀၀ သို့ ကျဆင်းခဲ့ပြီး ဖေဖော်ဝါရီ  ၁၅ ရက် တွင် ကျပ် ၇၅၇၀၀၀ ရှိခဲ့ကာ ကျဈေး ဖြင့် ဈေးပိတ်ခဲ့သည်။ထို့အတူ ကမ္ဘာ့ရွှေဈေးသည်လည်း  ကျဆင်းလျက်ရှိရာ ဖေဖော်ဝါရီ ၁၁ ရက်တွင်  တစ်အောင်စလျှင် အမေ ရိကန်ဒေါ်လာ ၁၆၆၇ ဒေါ်လာရှိခဲ့ရာမှ ဖေဖော်ဝါရီ  ၁၅ ရက်တွင် ၁၆၃၂ ဒေါ်လာအထိ ကျဆင်းခဲ့သည်။မယ်သီတာ