Main menu

Background

အိန္ဒိယ၊ မလေး၊ စင်ကာပူနဲ့ ကိုရီးယားကို တင်ပို့

Mon, 02/18/2013 - 08:57 -- ydnar

ပြည်ပကို ပင်လယ်ရေကြောင်းလမ်းမှ ဖေဖော်ဝါရီပထမသီတင်းပတ်အတွင်း မှာ နနွင်း ၁၆၅ ဒသမ ၄၅ တန်ကို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ အိန္ဒိယနိုင်ငံကို တန် ၅၀၊ မလေးရှားနိုင်ငံကို ၈၆ ဒသမ ၅ တန်၊ စင်ကာပူနိုင်ငံကို ၂၈ တန်နဲ့ ကိုရီးယားနိုင်ငံကို သုည ဒသမ ၉၅ တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် မှာ မလေးရှားနိုင်ငံကို အများဆုံး တင်ပို့ခဲ့ပါတယ်။ FOB ဈေးက တစ်တန်ကို ကန် ဒေါ်လာ ၃၈၅ ဝန်းကျင်သာရရှိခဲ့တယ်လို့ သိရပါတယ်။ ကာလတူကာလဖြစ်တဲ့ ၂၀၁၂ ဖေဖော်ဝါရီပထမသီတင်းပတ်အတွင်း နနွင်းတင်ပို့တန်ချိန်က ၁၅ တန်သာ ရှိခဲ့တာကြောင့် ယခုနှစ်မှာ နနွင်းတင်ပို့မှုပိုခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ ယှဉ်ရင် လည်း ဒီတစ်ပတ်မှာ ၄၉ တန် တင်ပို့နိုင်ခဲ့ပါတယ်။ နနွင်းတင်ပို့မှု ကန်ဒေါ်လာ ခြောက်သောင်းကျော် ဝင်ငွေရရှိခဲ့ပါတယ်။            MIRT (DOT)