မန္တလေးတိုင်းဒေသကြီးအတွင်းမှာ မတ်ပဲကို အမရပူရမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့ နယ်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့နယ်(ခွဲ)၊ မြင်းခြံမြို့နယ်၊ ငါန်းဇွန်မြို့နယ်၊ ရမည်သင်းမြို့ နယ်နဲ့ ပျော်ဘွယ် မြို့နယ်များမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ဧက ၉၀၀၀ ကျော်စိုက်ပျိုးပြီး၊ တစ်ဧကပျမ်းမျှအ ထွက်နှုန်း ၁၁ ဒသမ ၈၆ တင်းထွက်ရှိကြောင်း သိရပါတယ်။ အဲဒီလိုထွက်ရှိတဲ့အတွက် မန္တလေးတိုင်းဒေသကြီးမှာ ယခင်နှစ်က တန် ၃၅၀၀ ကျော်ထွက်ပြီး၊ အများဆုံး စိုက်ပျိုးတဲ့ ခရိုင်ကပြင်ဦးလွင်ခရိုင်ဖြစ်ပြီး၊ အများဆုံးစိုက်ပျိုးတဲ့ မြို့နယ်က စဉ့်ကူးမြို့နယ် ဖြစ်ပါတယ်။
ပြင်ဦးလွင်ခရိုင်မှာ ယခင်နှစ်က မန္တလေးတိုင်းဒေသကြီးတစ်ခုလုံး မတ်ပဲစိုက်ဧကရဲ့ ၉၀ ဒသမ ၇၅ ရာခိုင်နှုန်းရှိပါတယ်။ ယခုနှစ် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ မန္တလေးတိုင်းဒေသကြီး မတ်ပဲ စိုက်ဧကရဲ့ ၉၂ ဒသမ ၁၂ ရာခိုင်နှုန်းစိုက်ပျိုးကြောင်း သိရပါတယ်။ ပြင်ဦးလွင်ခရိုင်အတွင်းမှာရှိတဲ့ မတ္တရာမြို့နယ်မှာ ၃၃၄၅ ဧက၊ စဉ့်ကူးမြို့နယ်မှာ ၃၅၆၃ ဧက၊ သပိတ် ကျင်းမြို့နယ်မှာ ၇၃၅ ဧက၊ တကောင်းမြို့နယ်(ခွဲ)မှ ၇၂၈ ဧက စိုက်ပျိုးပြီး၊ တစ်ဧကပျမ်းမျှအထွက်နှုန်း ၁၁ တင်းခွဲ ကျော်ထွက်ရှိပါတယ်။ အထွက်နှုန်း ကွာခြားမှုနည်းပြီး၊ ယခုကွင်းဈေးမတ်ပဲ တစ်တင်း ၁၃၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ပြု လုပ်လျက်ရှိပါတယ်။ တစ်ဧက စိုက်ပျိုးပါက တစ်သိန်းခွဲနီးပါး ၁၄၉၅၀၀ ကျပ်ရရှိပြီး၊ မနှစ်က မတ်ပဲတစ်တင်းကွင်းဈေး ၁၂၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ပြုလုပ်ခဲ့လို့တစ်တင်း ၅၀၀ ကျပ်ကွာခြားကြောင်း၊ တစ်ဧကစိုက်ပျိုးပါက တစ်သိန်း လေးသောင်းကျော် (၁၄၃၇၅၀ကျပ်)ရရှိလို့ ငါးထောင်ကျော် (၅၇၅၀ကျပ်)ဈေးပိုမိုရရှိကြောင်း၊ယခုလက်ရှိပေါက်ဈေး နှုန်း အောက်ကျဆင်းပါ က တောင်သူများအရှုံးပေါ် မှာဖြစ်ကြောင်း၊စဉ့်ကူးမြို့နယ်ရှိ မတ်ပဲ ၄ ဒသမ ၅ ဧက စိုက်ပျိုးတဲ့ တောင်သူ တစ်ဦးမှ ပြောကြားကြောင်း သိရပါတယ်။ ယခင်နှစ်ကာလတူအချိန် မန္တလေးကုန်စည်ဒိုင်(ပွဲစား၊ ကုန်သည်၊ စက်ပိုင်များကထိန်တော်အသင်း) မတ်ပဲတစ်ပိဿာ ပေါက်ဈေးမှာ ၆၅၀ ကျပ်မှ ၆၇၅ ကျပ်(တစ်တန် ၃၉၈၀၅၄ ကျပ်မှ ၄၁၃၃၆၃ ကျပ်)နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ယခုနှစ်မှာ ၆၆၇ ကျပ်မှ ၆၈၃ ကျပ်(တစ်တန် ၄၀၈၄၆၄ ကျပ်မှ ၄၁၈၂၆၂ ကျပ်)နဲ့ နေ့စဉ် (၆၀ ပိဿာဝင်အိတ်) ၅၀၀ အိတ်မှ ၈၀၀ အိတ်ကြားအရောင်းအဝယ်ဖြစ်ကြောင်းသိရပါတယ်။ ဒေသတွင်း ပဲခွဲစက် များနဲ့ ပြည်ပ(အိန္ဒိယ)ကို တင်ပို့ ရောင်းချမယ့်ရန်ကုန်ဝယ်လက်များမှပုံမှန်အရောင်းအဝယ်ရှိနေသော်လ ည်း ပြည်ပဝယ်လက်အနေနဲ့ အိန္ဒိယကိုသာ မှီခို နေရ ကြောင်း၊ အိန္ဒိယပြည်မှာလည်း ပဲမျိုးစုံထွက်ရှိတဲ့ အချိန်နဲ့ ကိုက်ညီနေတာကြောင့် မတ်ပဲဈေးတန့်နေရခြင်းဖြစ်ကြောင်း ကုန်သည်တစ်ဦးမှ ပြောကြားတယ်လို့ သိရပါတယ်။ စိုးအောင် - မန္တလေး