Main menu

Background

ဈေးအေးမှု ကွာဟချက်ကြီးမားတာကြောင့် အရောင်းအဝယ် အနည်းငယ်အေးသွားတဲ့ မန်းပဲလွန်းဖြူဈေးကွက်

Mon, 02/18/2013 - 08:59 -- ydnar

ပဲလွန်းဖြူကို နိုင်ငံများစွာမှာ စား သုံးမှုရှိပြီး၊ ကြိုက်နှစ်သက်မှုလည်း ရှိပါ တယ်။ နှစ်စဉ် မန္တလေးကုန်စည်ဒိုင် မှာ ပဲလွန်းဖြူတန်ချိန် ၁၅၀၀၀ ကျော် အရောင်းအဝယ်ရှိပါတယ်။ ဟုမ္မလင်း၊ မုံရွာ၊ကလေးဝ၊ ဗန်းမော်၊ ကသာ၊ ရွှေဘို စတဲ့ ဒေသများမှ ဝင်ရောက်မှုရှိပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလမှာ ပဲလွန်းဖြူ တစ်ပိဿာ ၁၀၀၀ ကျပ်၊ (တစ်တန် ၆၁၂၃၉၀)ကျပ်မှ ၁၁၁၇ ကျပ်(တစ်တန် ၆၈၄၀၄၀)ကျပ်နဲ့ နေ့စဉ် (၆၀ ပိဿာ ဝင်အိတ်) ၃၀၀ အိတ်မှ ၅၀၀ အိတ် (တန် ၃၀ ခန့်မှ တန် ၅၀ ခန့်)အရောင်း အဝယ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ယခုလ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ လယ်မှာ ပဲလွန်းဖြူတစ်ပိဿာ ၈၈၃ ကျပ် (တစ်တန် ၅၄၀၇၄၀)ကျပ်မှ ၉၃၃ ကျပ် (တစ်တန် ၅၇၁၃၆၀)ကျပ်ဖြင့် နေ့စဉ် (၆၀ ပိဿာဝင်အိတ်) ၃၀၀ အိတ်မှ ၄၀၀ အိတ်(တန် ၃၀ မှ တန် ၄၀ ခန့်) အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။

၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလရဲ့ ပဲလွန်းဖြူအမြင့်ဈေးကို နှိုင်းယှဉ်ကြည့်ပါက တစ်ပိဿာကို ၁၈၄ ကျပ် (တစ်တန် ၁၁၂၆၈၀)ကျပ် ဈေး အေးသွားကြောင်းသိရပါတယ်။ ဈေး နှုန်းကွာခြားမှု ကြီးမားတာကြောင့် အရောင်းအဝယ်လည်း အနည်းငယ် အေးသွားပါတယ်။ယခင်လ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလမှာ မန္တလေးမှ မူဆယ် အထွက် ၁၆ မိုင် စစ်ဆေးရေးဂိတ်ဖြတ် စာရင်းအရ ပဲလွန်းဖြူ တန်ချိန် ၁၁၀၀ ကျော်၊မူဆယ်မြို့ကိုစီးထွက် သွားေ ကြာင်း သိရပါတယ်။ ယခုလ ဖေဖော်ဝါရီလမှာ ဈေးနှုန်းအေးသွားခြင်း၊တရုတ်နှစ်သစ်ကူး ပွဲတော်နဲ့ တိုက်ဆို င်ခြင်းကြောင့် ပြည်ပ ကို တင်ပို့နိုင်မှု လျော့နည်းသွားမှာဖြစ် ကြောင်း ခန့်မှန်းရပါတယ်။ ဈေးအေးသွား (ကွာဟချက် ကြီး မား)တဲ့အတွက်ရောင်းမယ့်သူတောင်သူ များမှလည်း ဈေးစောင့်၊ လှောင်လက် များမှလည်း အမြင့်ဈေးနဲ့ ဝယ်ယူထားမိ တာကို ပြန်လည်ရောင်းချနိုင်ရေး အတွက်ချင့်ချိန်နေရတာကြောင့်အရောင်း အဝယ်အေးသွားတာဖြစ်ကြောင်း ပွဲစား ကုန်သည်တစ်ဦးထံမှ သိရပါတယ်။စိုးအောင် - မန္တလေး