Main menu

Background

နှမ်းဈေးမြင့်ပြီး မြေပဲဆန်ဈေးကျလာတဲ့ ပြည်ဈေးကွက်

Mon, 02/25/2013 - 05:05 -- ydnar

ပြည်ကုန်စည်ဒိုင်မှာ ဖေဖော်ဝါရီလအတွင်းအရောင်းအဝယ်ဖြစ်ခဲ့တဲ့ ဆီထွက်သီးနှံ ဈေးနှုန်းများကေ တာ့ ဖေဖော်ဝါရီလဆန်းမှာနှမ်းနက်တစ်တင်းကို ၃၄၃၃၀ ကျပ်၊ နှမ်းနီ တစ်တင်းကို ၃၃၀၀၀ ကျပ်ရှိခဲ့ပြီး၊ ဖေဖော်ဝါရီ ပထမပတ်မှာ နှမ်းနက် တစ်တင်းကို ၄၃၀၀၀ ကျပ်နဲ့ နှမ်းနက်တစ်တင်းကို ၃၄၅၀၀ ကျပ်ဈေးနဲ့ လဆန်း ပိုင်းထက်စာရင် ပထမပတ်မှာ အနီရော အနက်ပါဈေးပိုလာတာတွေ့ရပါတယ်။ နှမ်းနက်ကို တရုတ်ဝယ် လက်များက အဝယ်ရှိသလို နှမ်းနီကို ဆီစက်သမားများက အဝယ်ရှိတာကြောင့် ဈေး ပိုလာခဲ့ပါတယ်။ ဖေဖော်ဝါရီလပထမပတ်နဲ့ ဒုတိယပတ်ကို နှိုင်းယှဉ်ကြည့်ရင် နှမ်းနက် တစ်တင်းကို ၃၈၃၀၀ ကျပ်၊ နှမ်းနီတစ်တင်းကို ၃၃၉၀၀ ကျပ်ဈေးနဲ့ ဒုတိယပတ်မှာ နှမ်းဈေးအနည်းငယ်ကျလာတာတွေ့ရပါတယ်။ နွေနှမ်း စိုက်ချိန် နှမ်းအဝင်နည်းပြီး၊ နှမ်းနက်ကို တရုတ်ဝယ်လက်များက အဝယ်မရှိခြင်း၊ နှမ်းနီကို ဆီစက်သမားမျာက ရသလောက် အဝယ်ရှိပေ မယ့် ဈေးအနည်း ငယ်ကျလာပါတယ်။ ဖေဖော်ဝါရီလ ဒုတိယ ပတ်နဲ့ တတိယပတ်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တတိယပတ် မှာ နှမ်းနီတစ်တင်း ကို ၃၄၃၀၀ ကျပ်နဲ့ နှမ်းနက်တစ်တင်းကို ၄၀၀၀၀ ကျပ်ဈေးနဲ့ ဈေးပြန်မြင့် လာပါတယ်။ နှမ်းအဝင် နည်းသွားပြီး၊ ဆီကြိတ်နှမ်းနီကို စက်သမားများက အဝယ်ရှိလို့ ဒုတိယပတ် ထက်စာရင် တတိယပတ် မှာ ဈေးပြန်မြင့်လာပါတယ်။ နှမ်းအဝင်နည်းသွားလို့ တစ်နေ့ကို နှမ်းအိတ် ၃၀၀ ခန့်သာ အရောင်းအဝယ်ဖြစ် လျက်ရှိပါတယ်။

မြေပဲဆန်မှာလည်း ဖေဖော်ဝါရီလဆန်းမှစပြီး ဒုတိယပတ်ထိ မြေပဲလုံးဆန်ဈေး တစ်ပိဿာကို ၂၂၀၀ ကျပ်နဲ့ ဆီကြိတ်ဆန် တစ်ပိဿာ ၁၈၀၀ ကျပ်ဈေးနဲ့ ပြောင်း လဲမှုမရှိဘဲ ဈေးငြိမ်နေပြီး၊ ဖေဖော်ဝါရီလ တတိယပတ်မှာ ဆီဆန်တစ်ပိဿာ ၁၆၀၀ ကျပ်နဲ့လုံးဆန်တစ်ပိဿာ ၁၉၀၀ ကျပ်ဈေးနဲ့ဈေးပြန်ကျလာတာတွေ့ရပါ တယ်။ ပြည် ဈေး ကွက်ကို ကံမဘက်မှ မြေပဲဆန်အိတ်တစ်နေ့ကို ၇၀၀ ခန့်အဝင်ရှိပြီး၊ ရန်ကုန်ဆီစက် သမားများက ဆီဆန်ကို အဝယ်ရှိလို့ တစ်နေ့အိတ် ၅၀၀ ခန့် အရောင်းအဝယ် ဖြစ်တာ တွေ့ရပါ တယ်။           ဝေေ၀မင်း - ပြည်