ကမ္ဘာ့နွေ စားသုံးဆီသီးနှံဖြန့်ဖြူးမှုကြောင့် ပဲပုပ်ဆီနဲ့တိရစ္ဆာန်ဆီထွက်ရှိမှုကို ထိခိုက်စေနိုင်တဲ့အခြေအနေ ရှိနေပါတယ်။ အာဂျင်တီးနားနိုင်ငံရဲ့ အစိတ်အပိုင်း အချို့မှရာသီဥတုခြောက်သွေ့တဲ့အတွက် ပဲပုပ်သီးနှံေ ဈးနှုန်း မြင့် တက်မှုနဲ့အတူ စား အုန်းဆီဈေးကလည်း တတိယနေ့အဖြစ် မြင့်တက်ခဲ့ပါတယ်။
မေလအတွက် စားအုန်းဆီကြိုပွိုင့်ဈေးဟာ မလေးရှားဒိုင် (Malaysia Derivatives Exchange) မှာ သုည ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ပြီး၊ မက်ထရစ်တစ် တန်ကို ၂၅၈၄ ရင်းဂစ် (၈၃၅ ဒေါ်လာ) နှုန်းထိ ရောက်ရှိခဲ့ပါတယ်။ ကြိုပွိုင့်ရောင်း ချမှုဟာ မွန်းတည့်ဈေးပိတ်ချိန်မှာ တစ်တန်ကို ၂၅၆၈ ရင်းဂစ်နှုန်းဖြစ်ကာ၊ ယခု ရက်သတ္တပတ်အတွင်း ၂ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ ဟင်းသီးဟင်းရွက် အများဆုံးတင်ပို့လျက်ရှိတဲ့ အာဂျင်တီးနားရဲ့ ပဲပုပ်ထုတ် လုပ်မှုမှာ ယခုနှစ်ဈေးကွက်ရာသီ အတွင်း တန်သန်း ၅၀ အထိရှိမယ်လို့ခန့်မှန်း ထားပါတယ်။ ခန့်မှန်းနှုန်းမှာ ယခင်လခန့်မှန်းထားတဲ့ တန် ၅၂ သန်းထက် ကျဆင်း နေကြောင်းနဲ့ ယခုကဲ့သို့ကျဆင်းခြင်းမှာ ရာသီဥတုခြောက်သွေ့မှုက သီးနှံအထွက်ကို ကျဆင်းေ စခဲ့ကြောင်း ဖေဖော်ဝါရီ ၁၉ ရက်က ထုတ်ပြန်သော Oil World အစီရင် ခံစာမှာ ဖော်ပြထားပါတယ်။ ထိုအခြေအနေကြောင့် ပဲပုပ်နဲ့စားအုန်းဆီဆန်အပါအဝင် ဆီထွက်သီးနှံ ၇ မျိုးရဲ့အထွက်ကို ထိခိုက်စေနိုင်ကြောင်း၊ ယခင်လက ခန့်မှန်းထားတဲ့ပမာဏထက် တန် ၁ ဒသမ ၄ သန်းကျဆင်းပြီး၊ တန် ၄၅၅ ဒသမ ၉ သန်းထိရောက် ရှိနိုင်ကြောင်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။ "အာဂျင်တီးနား ပဲပုပ်ဈေးအလားအလာက ဈေးနှုန်းတွေတက်လာအောင် ဖန်တီးခဲ့ပါတယ်" လို့ Australia & New Zeland Banking Group မှ လယ်ယာ ထွက်ကုန်ဆန်းစစ်ရေးမှူး ဗစ်တာသီယာပီရိယ ကပြောကြောင်း bloomberg. com မှာ ဖော်ပြထားပါတယ်။ UNT