Main menu

Background

အိန္ဒိယမှ အဝယ်နည်းလို့ စားအုန်းဆီ တင်ပို့မှု နှေးကွေး

Mon, 02/25/2013 - 05:13 -- ydnar

အိန္ဒိယ အပါအဝင် တောင် အာရှနိုင်ငံများက အဝယ်နည်းလာ တဲ့အတွက် မလေးရှားမှ စားအုန်းဆီ တင်ပို့မှု ဟာ ဖေဖော်ဝါရီ ပထမရက် ၂၀ အတွင်း နှေးကွေးသောနှုန်းဖြင့် ဖွံ့ဖြိုးမှုရှိခဲ့ကြောင်း စစ်တမ်းကောက် ယူရေးအေဂျင်စီ  Intertek က ပြော ပါတယ်။

မလေးရှားမှ  စားအုန်းဆီ တင် ပို့မှုဟာ ၂၀၁၁ ခုနှစ် အလားတူ ကာလက တန် ၈၃၀၈၃၀ ရှိခဲ့ရာမှ သုည ဒသမ ၆ ရာခိုင်နှုန်းမြင့်တက် ပြီး ၈၃၅ ဒသမ ၆၁၂ တန်နှုန်းရှိခဲ့ ကြောင်း  Intertek တွင် တွေ့ရပါ တယ်။ ယခု တိုးနှုန်းမှာ ဖေဖော်ဝါရီ ပထမ ၁၀ ရက်နဲ့ ၁၅ ရက်တို့တွင် ရှိတာထက် ၁၈ ရာခိုင်နှုန်း ပိုမို တိုးတက်ခဲ့ ပါတယ်။ တောင်အာရှကို တင်ပို့မှုဟာ ယခင်နှစ် အလားတူ ကာလနဲ့ နှိုင်းယှဉ်ပါက ၁၃ ရာခိုင် နှုန်း ကျဆင်းပြီး တန် ၁၈၀၃၉၀ ရှိခဲ့ ကြောင်း  Intertek စာရင်းရုံးတွင် တွေ့ရပါတယ်။ ဇန်နဝါရီတွင် အိန္ဒိယနိုင်ငံဟာ စားအုန်းဆီတင်သွင်းခွန်ကို ၂ ဒသမ ၅ ရာခိုင်နှုန်းမြှင့်တင်ပေးခဲ့ ပါတယ်။ ဈေးနည်းသော ပြည်ပတင်ပို့သူများ ထံမှ ရသောဆီများကို ပိတ်ပင်ရန် အတွက် အခြေခံဈေးနှုန်းကိုလည်း တစ်တန် ၄၄၇ ဒေါ်လာမှ တစ်တန် ၈၀၂ ဒေါ်လာသို့ တိုးမြှင့်ပေးခဲ့ပါ တယ်။ မလေးရှားနိုင်ငံဟာ ဒီဇင်ဘာ အတွင်းက တည်ရှိနေခဲ့သော သို လှောင်ရုံလက်ကျန် တန် ၂ ဒသမ ၆၃ သန်းကို ရှင်းထုတ်ရန်အတွက် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီတွင် စား အုန်းဆီကြမ်း တင်ပို့မှုအခွန်ကို သုညရာခိုင်နှုန်း သို့ လျှော့ချပေးခဲ့ပါ တယ်။ မေလအတွက် စားအုန်းဆီ ကြိုပွိုင့် ဈေးဟာ သုည ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းပြီး မလေးရှားဒိုင် Malaysia Derivative S Exchang  တွင် တစ်တန်ကို ရင်းဂစ် ၂၃၀၆ ဒသမ ၁၁ ရှိခဲ့ကြောင်း bloomberg.com  တွင်ဖော်ပြထား ပါ သည်။                           UNT