Main menu

Background

ဘိလပ်မြေဈေးနှုန်းများ (25-2-13)

Mon, 02/25/2013 - 05:24 -- ydnar

ဆင်၊ စိန်နဲ့ အခြားဘိလပ်မြေများ တန်ချိန် နှစ်သောင်းကျော်ဝင် ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၆ ရက်တာ ကာလအတွင်း ဘိလပ်မြေ ၂၅၄၂၄ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်ဆယ့်တစ်သိန်းကျော်ဖိုးကို ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာထိုင်းနိုင်ငံမှ ဆင်တံဆိပ်ဘိလပ်မြေ တန်ချိန် ၁၀၀၀၀၊ စိန်တံဆိပ်ဘိလပ်မြေ တန်ချိန် ၃၆၀၀ နဲ့ အခြားဘိလပ်မြေ ၁၁၈၂၄ တန်ကို တင်သွင်းခဲ့ပါတယ်။ ယခင်နှစ်ကာလတူ  မှာ ဘိလပ်မြေအဝင်က တန်ချိန် ခုနစ်သောင်းကျော်ရှိခဲ့တာကြောင့် ယခုနှစ် မှာ ဘိလပ်မြေတင်သွင်းမှု လျော့ခဲ့တယ်လို့ ဆိုရပါမယ်။MIRT (DOT)

 
တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သော ဘိလပ်မြေ မြိတ်နယ်စပ်က မှာယူမြန်မာ-ထိုင်းနယ်စပ်ဖြစ်တဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၃၆ သန်း တန်ဖိုးရှိ ဘိလပ်မြေများတင်သွင်းခဲ့ပါတယ်။ တင်သွင်းလာ တဲ့ ဘိလပ်မြေများကို မြိတ်မြို့ရှိကုန်တိုက်ရဲ့ အနောက်ဘက်ခြမ်း တွင် လုံးခြင်းအိမ်ရာ များဆောက်လုပ်ရန်နဲ့ စစ်တိုင်းရုံးဝင်းအတွင်းရှိ အဆောက်အအုံများ ပြန်လည်ပြု ပြင်ရာတွင် အသုံးပြုရန်အတွက် မှာယူမှုရှိကြောင်း နယ်စပ်ကုန်သည်တစ်ဦးထံမှ သိရှိရပါတယ်။ ဆင်နဲ့ စိန်အမှတ်တံဆိပ် များဖြစ်ပြီး ဒေသပေါက်ဈေးမှာ ဆင်တံဆိပ် တစ်အိတ်လျှင် ၅၅၀၀ ကျပ်နဲ့ စိန်တံဆိပ် တစ်အိတ်လျှင် ၅၀၀၀ ကျပ်ဈေးရှိကြောင်း သိရပါတယ်။ဖေဖော်ဝါရီလ ၁၃ ရက်မှ ၁၉ ရက်ထိကာလအတွင်းမှာ နယ်စပ်စခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၄၂၂ သန်းတန်ဖိုးရှိတဲ့ ဘိလပ်မြေ ၅၂၄၅ တန်ကျော်ကို လည်း တင်သွင်းခဲ့ပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေ တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၅၀၄ တန်၊ လွယ်ဂျယ်မှ ၃၄၅ တန်ကျော်၊ တာချီလိတ်မှ ၂၉၇၁ တန်နဲ့ မြိတ်မှ ၄၂၅ တန် အသီးသီးဖြစ်ပါတယ်။ ဆွေဆွေဝင်း
အရောင်းအဝယ်သွက် ရောင်းအားလည်းတက်လာတဲ့ ဘိလပ်မြေယခုသီတင်းတစ်ပတ်တွင် ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေ တန်ချိန် နှစ် သောင်းငါးထောင်ကျော်နဲ့ နယ်စပ်လမ်းများမှ  ဘိလပ်မြေ တန်ချိန် ငါးထောင် ကျော်ဝင်လာခဲ့တယ်လို့သိရပါတယ်။ ယခင်တစ်ပတ်နဲ့ယှဉ်ရင် ဒီတစ်ပတ်မှာ ရေလမ်း မှဘိလပ်မြေအဝင်ပိုခဲ့သလို နယ်စပ်မှလည်း ဘိလပ်မြေအဝင်ပိုခဲ့တယ်လို့ သိရပါ တယ်။ဒီတစ်ပတ် ရန်ကုန်၊ ပဲခူး၊ မန္တလေး၊တောင်ကြီးမှာ အရောင်းသွက်တယ်လို့ သိရပါတယ်။ဒီတစ်ပတ် ဘိလပ်မြေဈေးကွက်အခြေအနေများမှာ-တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်သွက်တယ်လို့ သိရ ပါတယ်။ ဈေးကွက်ထဲပစ္စည်းအဝင်ရှိ သလို အဝယ်လည်းများတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ စိန် (ထိုင်း)နဲ့ နဂါးဘိလပ်မြေက ဈေးအ နည်းငယ်မြင့်ပြီး ကျန်ဘိလပ်မြေတွေက ဈေးငြိမ်ပြီးအရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ဈေး ကွက်ထဲစိန် က နှစ်ရာကျပ်နဲ့ နဂါးဘိလပ်မြေက တစ်ရာကျပ် ဈေးမြင့်ပြီး ရောင်းအား လည်းကောင်းနေတယ်လို့ ဆိုပါတယ်။  ဒီတစ်ပတ် ဈေးကွက်အတွင်း အရောင်း အဝယ်ဖြစ်နေတဲ့ဈေးက  စိန်ဘိလပ်မြေ ၆၄၀၀ ကျပ၊် မြို့တော်ဘိလပ်မြေ ၄၆၀၀ ကျပ်၊ ကျားခေါင်း ၅၅၀၀ကျပ် ၊ နဂါးဘိလပ်မြေ ၅၄၀၀ ကျပ် နဲ့ အရောင်း အဝယ် ဖြစ်တယ် လို့ တောင်ကြီးမြို့မဈေး အနောက်ဘက်၊ အနောက်မြို့ပတ်လမ်းမှာရှိတဲ့ ဘိလပ်မြေအရောင်း ဆိုင်မှ စုံစမ်းသိရှိခဲ့ ပါတယ်။မန္တလေးဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ် ရောင်းအား တက်တယ်လို့ သိရပါ တယ်။ ရောင်းအားရှိပေမဲ့ ဈေးက ငြိမ်နေတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲမှာ ဆင်ဘိလပ်မြေတစ်မျိုးသာ တစ်ရာ ကျပ်ဈေးကျလာပြီး ကျန်ဘိ လပ်မြေများက ယခင်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့  ဘိလပ်မြေဈေးနှုန်းတွေက အေသုံး လုံး ၅၆၀၀ ကျပ်၊ မြန်မာဆင် ၅၁၀၀ ကျပ်၊ ဆင် (ယိုးဒယား) ဘိလပ်မြေ ၅၈၀၀ ကျပ်၊ စိန်(ထိုင်း) က ၅၉၀၀ ကျပ်၊ ဆင်မင်း (ကျောက်ဆည်)က ၅၁၀၀ ကျပ်၊ ကျားခေါင်း ၅၃၀၀ ကျပ်နဲ့ မြင်းခေါင်း ၄၉၀၀ ကျပ်တို့နဲ့ ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်တယ်လို့ ၆၂ လမ်း၊၂၉-၃၀ကြားမှာရှိတဲ့ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်း သိရပါတယ်။ပဲခူးဈေးကွက်မှာ ဘိလပ်မြေကအရောင်းအဝယ်ရှိတယ်လို့ သိရပါတယ်။ ပွင့်လင်းရာသီရောက်လာတာကြောင့် လည်း ရောင်းအားကတက်လာတယ်။ ဒီအ ချိန်ကပဲရောင်းတဲ့အချိန်ဖြစ်တာကြောင့် ပဲခူးတစ်ဝိုက်ရှိတဲ့ ရွာတွေကလည်း အိမ် ပြင်၊ အိမ်ဆောက်ရန် ပဲခူးကို ဆင်းဝယ်ကြတယ်။ ဒါကြောင့် အရောင်းအဝယ် ကောင်းသ လိုဘိလပ်မြေဈေးလည်း နည်းနည်းတက်လာပါတယ်။ ဒီတစ်ပတ် ဈေး ကွက်အတွင်း အရောင်းအဝယ်ဖြစ်နေ တဲ့ ဈေးက ဆင်(ထိုင်း)၅၃၀၀ ကျပ်၊ စိန် ဘိလပ်မြေ  ၅၂၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ၄၃၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ် လို့ ဘိလပ်မြေအရောင်းဆိုင်ရှင်တစ်ဦးမှ ပြောခဲ့ပါတယ်။ MIRT (DOT)