လားရှိုးမှာ ပြောင်းကို တရုတ်ဝယ်လက်ဈေးပေးအဝယ်ရှိနေ
လားရှိုးဈေးကွက်မှာ ပြောင်းကို တရုတ်နှစ်ကူးအပြီးမှာ တရုတ် ဝယ်လက်က ဝယ်လိုအားမြင့်လာ တာကြောင့် ဈေး ကအမြင့်မှာရှိနေ တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၄၅၅ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၁၀၉၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါ တယ်။ ပြောင်းဈေးေ ကာင်း ပေးဝယ်တဲ့ အချိန်မှာ ရောင်းလက်တွေ က ရောင်းလိုအားများတာ ကြောင့် အခုလို အရောင်း အဝယ် ဖြစ်မှုပမာဏတွေ တိုးလာတာလို့ သိရပါတယ်။
