Main menu

Background

မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီအရောင်းအဝယ်သွက် မတ်ပဲ၊ ပဲတီစိမ်းနဲ့ ပဲလွန်းဖြူ ပုံမှန်အရောင်းအဝယ်ဖြစ်

Mon, 02/25/2013 - 06:10 -- ydnar

မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီက ဈေးကွက်သို့ ဝင်ရောက်မှု ပုံမှန်ရှိသလို အိတ်စပို့အတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က လည်း ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးသိသာစွာ မြင့်လာပြီး တစ်ပိဿာ ကို  ၉၆၇ ကျပ်(တစ်တန်ကို ၅၉၂၁၈၁ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ မှ ၁၅၀၀ ကြားအရောင်း အဝယ်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။ ငုံနီက ဒီရက်ပိုင်းမှာ အဝယ်သွက်လာ တယ်၊ ရောင်းလက်တွေကလည်း တက်ဈေးမှာ အရောင်းပိုများလာတယ်။ ဒါကြောင့် အရောင်းအဝယ်ဖြစ်မှုပမာဏတွေ ပိုများလာတာလို့ ပွဲရုံ ရပ်ကွက်ကဆိုပါတယ်။ မတ်ပဲကိုတော့ ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲ ခွဲစက်တွေက ဝယ်အားပုံမှန်ရှိပေ မယ့် ဈေးကအပြောင်းအလဲ မရှိဘဲ ဈေးတန့်နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ကို ၇၀၀ ကျပ် (တစ်တန်ကို ၄၂၈၆၇၃ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၆၀၀ မှ ၈၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲတီစိမ်းကတော့ တရုတ်ဝယ်လက်က  ဒီရက်ပိုင်းမှာ ဝယ်အားက ပုံမှန်ထက်စာရင် အနည်းငယ်လျော့သွားသလို ဈေးလည်းတန့်နေတယ်လို့ မြို့ခံကုန် သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၂၀၉ ကျပ်(တစ်တန်ကို ၇၄၀၃၇၉ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၈၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒေသထွက်ပဲလွန်းဖြူကို တရုတ် ဝယ်လက်က အရည်အသွေးအပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိနေ တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၁၇ ကျပ်(တစ်တန်ကို ၅၆၁၅၆၁ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၄၀၀ ခန့်ဖြစ် ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲဖြူလုံးကြီးသစ်တွေ ဈေးကွက်ထဲ ဝင်ရောက်နေပြီး တစ်ပိဿာကို ၉၀၅ ကျပ်(တစ်တန်ကို ၅၅၄၂၁၂ ကျပ်)ဈေးနဲ့ ဈေးဖွင့်အရောင်းရှိသလို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲ စက်တွေကလည်း ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ နှမ်းမျိုး စုံကို တရုတ်ဝယ်လက်အဝယ် နည်းနည်းအေးသွားပေမယ့် ဆီစက် လုပ်ငန်းရှင်တွေကတော့ ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ နှမ်းဖြူတစ်ပိဿာ ၂၅၅၆ ကျပ်၊ နှမ်းနက် တစ်ပိဿာ ၂၄၀၀ ကျပ်၊ နှမ်းနက်စမုံတစ်ပိဿာ ၂၈၈၅ ကျပ်နဲ့ နှမ်းညိုတစ်ပိဿာ ၂၁၇၈ ကျပ်နဲ့ နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၃၂၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။