မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်းပေါ်မှာ စားသုံးသူ အကာအကွယ်ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှု တားဆီးရေးအတွက် Mobile Team များနဲ့ ရှောင်တခင်စစ်ဆေးမှုများကို နိုဝင်ဘာလနဲ့ ဒီဇင်ဘာလများမှာ ပညာပေးကာလအဖြစ် လုပ်ဆောင်ခဲ့ပြီး ဇန်နဝါရီ ၂၁ ရက်မှစ၍ ဖမ်းဆီးအရေးယူမှုများကို ဆက်လက် လုပ်ဆောင် လျက်ရှိပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက်ကMobile Team -၂ အခြေပြုစစ်ဆေးတဲ့နေရာကို ရောက်ရှိလာတဲ့ ဂျပ်ဖာဟောင်း၊ ပုလင်းခွံ၊ သတ္တု၊ ကုလားပဲများတင်ဆောင်ထားတဲ့ ၆ ဘီးယာဉ် ၇က/xxxx ကိုစစ်ဆေးရာမှာ ပစ္စည်းဟောင်းများ အောက်က ဘီယာ၊ အချိုရည်၊ အိုးဖာတိတ်၊ တံခါးလက်ကိုင်၊ ရေပိုက်ခေါင်း၊ ရေဘား၊ ဆန်စက်သုံး Rubber Roll များကို တွေ့ရှိရတဲ့အတွက် အသေးစိတ်ချ စစ်ဆေးရာမှာတော့ လိုင်စင်မဲ့ Honda Pacific Coast 800 cc အဟောင်းတစ်စီး အားတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ ဆိုင်ကယ်တန်ဖိုးအား ကျပ်သိန်း ၃၀ နဲ့ဖြတ်ထားပြီး အကောက် ခွန်လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ထားပြီးဖြစ်တယ်လို့ သတင်းရရှိပါတယ်။ ဘီယာ၊ အချိုရည်၊ အိုးဖာတိတ်၊ တံခါးလက်ကိုင်၊ ရေပိုက်ခေါင်း၊ ရေဘား၊ ဆန်စက်သုံး Rubber Roll များရဲ့တန်ဖိုးကတော့ ကျပ် ၂၃ ဒသမ ၀၂၇၅ သိန်း တန်ဖိုးရှိပြီး ၎င်းပစ္စည်းများကိုလည်း အကောက်ခွန်လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင် ရွက်ထားပြီးဖြစ်တယ် လို့လည်း သတင်းရရှိပါတယ်။ Source:လရ-၂၊MTN