Main menu

Background

ဘင်္ဂလားဒေ့ရှ်သွားတဲ့ ရေငန်ပုစွန်ကျား

Mon, 02/25/2013 - 06:13 -- ydnar

စစ်တွေ နယ်စပ် ကုန်သွယ်ရေးစခန်းဟာ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနဗ်မြို့နဲ့ ရေမိုင် ၇၀ ခန့်ခရီးကို ပင် လယ်ပြင်ဖြတ်သန်းပြီး ကုန်သွယ်မှုပြုလုပ်နေရတဲ့ စခန်း တစ်ခု ဖြစ်ပါတယ်။ ရေထွက်ကုန်ပစ္စည်း အုပ်စုဖြစ်တဲ့ ရေငန် ပုစွန်ဟာ စစ်တွေနယ်စပ်စခန်းရဲ့ အများဆုံး ပို့ကုန်ပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ တစ်ဖက်နိုင်ငံအေ နဖြင့် ခေါင်းပါ/မပါရေငန် ပုစွန်ကျားကုန်ကြမ်းများကို ရောင်းနိုင်သလောက် ဝယ်လိုအား ရှိပြီး အအေးခန်း စက်ရုံများမှ ပြုပြင်ထုတ်လုပ်ထားတဲ့ တန်ဖိုး မြင့်ကုန်ချောများကို ဝယ်ယူလေ့မရှိပါဘူး။ လက်ရှိကာလတွင် (တစ်ပေါင် ၁၅ ကောင်ပါ) ဆိုဒ်အကြီးဆုံးဖြစ်တဲ့ ရေငန် ပုစွန်ကျားမှာ မိမိဖက်ဈေးတစ်ပိဿာလျှင်(ကျပ် ၁၉၀၀၀ မှ ၂၀၀၀၀ ) ဖြစ်ပြီး တဖက်နိုင်ငံဈေးမှာ တစ်ပိဿာလျှင် (၂၁၅၀၀ မှ ၂၂၅၀၀)ဈေးဖြစ်တယ်လု့ိ သိရပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာ နှစ်မှာ ရခိုင်ပြည်နယ်တစ်ဝန်းရှိ ပုစွန်မွေးကန်များမှ ကုန်ထုတ် လုပ်မှုကျဆင်းလျက်ရှိပြီး ရေငန်ပုစွန်အများဆုံး တင်ပို့နိုင်တဲ့ ကာလမှာ နှစ်စဉ်ဇွန်လမှ အောက်တိုဘာလအထိဖြစ်တယ်လို့ သိရပါတယ်။နကသ (စစ်တွေ)