Main menu

Background

ခရီးသွားပြည်သူများ၏ ရိုးသားစွာ ယုံကြည်စီးနင်းလိုက်ပါလာမှုကို အကာအကွယ်ပြု ခုတုံးမလုပ်ပါနဲ့

Mon, 02/25/2013 - 06:14 -- ydnar

မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်း ကြောင်းပေါ်တွင် စားသုံးသူ အကာ အကွယ်ပေးရေးနှင့် တရားမဝင် ကုန် သွယ်မှု တားဆီးထိန်းချုပ်ရေး အဖွဲ့ Mobile Team မှ တရားမဝင်(မှောင်ခို) ပစ္စည်း သယ်ဆောင်မှုများအား ပညာပေး ကာလကျော်လွန်၍ တားဆီးအရေးယူမှု များ ဆောင်ရွက်နေပြီဖြစ်ရာ အရေးယူ ဆောင်ရွက်ရာတွင် နိစ္စဒူ၀ သွားလာ လှုပ်ရှားနေကြတဲ့ ကုန်သည် စီးပွားရေး လုပ်ငန်းရှင်များနှင့်အတူ အလွှာအသီး သီးမှ ခရီးသွားပြည်သူလူထုလည်း ပါ ဝင်လျက်ရှိရာ ကုန်သည်များအနေဖြင့် နည်းလမ်းမျိုးစုံ အသုံးပြုပြီး ၎င်းင်းတို့ရဲ့ ကိုယ်ကျိုးစီးပွားအလို့ငှာအကာအကွယ် ပြု ခုတုံးလုပ်အသုံးချကာ တရားမဝင် ပစ္စည်းများ သယ်ဆောင်မှုပြုလုပ်နေ တာကို စစ်ဆေးတွေ့ရှိနေရတဲ့အတွက် ခရီးသွားပြည်သူများ  စိတ်အနှောင့် အယှက်  မဖြစ်အောင် လိုရာခရီးသို့ ချောချောမွေ့မွေ့ဖြင့် အချိန်မီ ရောက် ရှိနိုင်အောင် ဆောင်ရွက်ပေးရသလို တရားမဝင် ပစ္စည်းသယ်ဆောင်မှုများ ကိုလည်း ထိထိရောက်ရောက် တားဆီး အရေးယူနိုင်ဖို့   စစ်ဆေးကြပ် မတ် ဆောင်ရွက်နေကြပါတယ်။ မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်း ကြောင်းအတွင်း   ပြေးဆွဲနေကြတဲ့ ခရီးသည်တင်  ယာဉ်လိုင်းအချို့ဟာ ယာဉ်ရဲ့ ကိုယ်ထည်အစိတ်အပိုင်း များ ကို တရားမဝင်ပစ္စည်းများ သိုဝှက်သယ် ဆောင် နိုင်အောင် အံဝှက်များ အဖြစ် ပြုပြင်ပြီးသယ်ဆောင်လျက်ရှိကြရာဖေဖော် ဝါရီ ၉ ရက်နေ့တွင်မှန်လုံ ယာဉ်အမှတ်၊ ၃ခ\xxxx ဟာ ခရီးသည်အပြည့်နီးပါး တင်ဆောင်လာတာကိုတွေ့ရှိရပြီးပစ္စည်း ထားသိုခန်းကိုစစ်ဆေးစဉ် ဘာပစ္စည်းမှ တင်ဆောင်လာခြင်း  မရှိသော်လည်း ယာဉ်ရဲ့ အလေးချိန် (Net Weight /  Gross Weight)  အရ ရှိရမဲ့ အလေး ချိန်ထက် ကျော်လွန်နေသည်ကို  စိစစ် တွေ့ရှိရတဲ့အတွက်သံသယရှိပြီး အံဝှက် များ ပြုလုပ်ပါရှိခြင်း ရှိ/မရှိ သိရှိနိုင် အောင် အသေးစိတ် စစ်ဆေးမှုများ ပြု လုပ်ခဲ့ရပါတယ်။  အဲဒီအခါမှာတော့ အဝတ်အထည်မျိုးစုံ၊ အပင်၊ ပိုးသတ် ဆေးမျိုးစုံ၊ အိမ်သုံးဆေးဝါးများ အပါ အဝင် စုစုပေါင်း ပစ္စည်း ၁၆ မျိုး (ခန့် မှန်းတန်ဖိုး ၁၉၁၆၉၅၀၀ ကျပ်) အား အံဝှက်များအတွင်းမှ  ဖော်ထုတ်စစ် ဆေးတွေ့ရှိခဲ့တဲ့အတွက် အမှုဖွင့်လှစ် သိမ်းဆည်း အရေးယူနိုင်ခဲ့ ပါတယ်။ အလားတူပါပဲ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကသတင်းအရ မှန်လုံယာဉ် အမှတ်၊ ၉က\xxxx  အား စစ်ဆေးခဲ့ရာ ထိုင်ခုံနောက်တန်းအောက် ရေတိုင်ကီ ခန်းတို့တွင် ထည့်သွင်းသိုဝှက်လာတဲ့ စပိုင်ဝိုင်၊ အဝတ်အထည်နဲ့ အလှကုန် စုစုပေါင်းပစ္စည်း ရှစ်မျိုး (ခန့်မှန်းတန်ဖိုး ၁၅၀၁၂၀၀ ကျပ်) အားသိမ်းဆည်းနိုင် ခဲ့တဲ့အပြင် ၎င်းနေ့မှာပင် မှန်လုံယာဉ် အမှတ်၊ ၈ည\xxxx  ပေါ်မှ တရားမဝင် အကောက်ခွန်မဲ့ပစ္စည်း စားသောက် ကုန်နဲ့အချိုရည် ခုနစ်မျိုး (ခန့်မှန်းတန် ဖိုး ၅၁၁၀၀၀ ကျပ်) တို့ကို စစ်ဆေးဖော် ထုတ် အရေးယူ တားဆီးနိုင်ခဲ့ပါတယ်။ ဒီနေရာမှ ပြောချင်တာလေးရှိလာ ပါတယ်။ တာဝန်ရှိသူများက စစ်ဆေး ဖော်ထုတ်ရာမှာ အချိန်အတိုင်း အတာ တစ်ခုအထိ ကြာမြင့်နိုင်တဲ့အတွက် ယာဉ်ပေါ်မှာလိုက်ပါလာတဲ့ ခရီးသွား ပြည်သူများအတွက် နှောင့်နှေး ကြန့် ကြာမှုရှိမှာဖြစ်သလို အရေးတကြီး (သေရေးရှင်ရေး) ကိစ္စဆောင်ရွက်ရမည့် သူများ၊ တစ်ဆင့်  ခရီးဆက်ရမည့် သူများ  ပါရှိလာမည်ဆိုလျှင်  ဘာပြော ကြမလဲ။  တွေးကြည့်ပါ။  အဖြေရှိပါ တယ်။ စစ်ဆေးရာတွင်လည်း မျက်မြင် မဟုတ်၊ သံသယကို အရင်းပြုပြီး ဖော် ထုတ်ရတဲ့အတွက် ဒီတရားမဝင်ပစ္စည်း သယ်ဆောင်လာတာကို မတွေ့ရှိခဲ့ဘူး ဆိုလျှင်ကော ခရီးသွားပြည်သူများက စစ်ဆေးတဲ့တာဝန်ရှိသူများကို ဘာပြော ကြမလဲ။ ခရီးသည် များရဲ့ ရိုးသားစွာ ယုံ ကြည်ပြီး စီးနင်းလိုက်ပါလာမှုကို အလွဲ သုံးစားလုပ်ပြီး ကိုယ်ချင်းစာနာစိတ်မရှိ၊ မိမိကိုယ်ကျိုး အတွက် လုပ်ကိုင် ဆောင် ရွက်နေသူများ အနေဖြင့် မှန်မှန်ကန်ကန် ဖြင့် လုပ်ကိုင်ကြဖို့ အချိန်တန်ပြီ လို့ ပြောလိုပါတယ်။ အဲဒီတော့ ခရီးသည် တင်ယာဉ်လိုင်းများ၊ ယာဉ်ပိုင်ရှင်များ အားလုံး မိမိတို့ကိုယ်တိုင်ဖြစ်စေ၊ မိမိတို့ ယာဉ်လိုင်း၊ မိမိကိုယ်ပိုင်ယာဉ်ကို အသုံး ချပြီး တရားမဝင်ပစ္စည်း သယ်ဆောင် နေမှုများကို ဆက်လုပ်နေမှာလား၊ လက်သင့်ခံလက်ပိုက် ကြည့်နေကြမယ် ဆိုရင် ပြည်သူများ ကအယုံအကြည်မဲ့ပြီး စီးပွားရေး ထိခိုက်လာမှာဖြစ်သလို တရားမဝင်ပစ္စည်း သယ်ဆောင်မှုအတွက် ပစ္စည်းကော၊ ယာဉ်ပါအသိမ်းခံရပြီး လူ ကိုပါ ဥဒေအရ အရေးယူအပြစ်ပေး ခံရမှာကို မလိုလားဘူးဆိုရင် ဝိုင်းဝန်း ကြပ်မတ်ထိန်းသိမ်းပေးဖို့ တိုက်တွန်း အသိပေးပြောကြားလိုက်ရပါတယ်။ ရွှေမြိုင်သား