Main menu

Background

တာချီလိတ်စခန်းတွင် တစ်ဦးတည်းပိုင် ထုတ်ကုန်၊ သွင်းကုန် ITC ကတ်များဖြင့် လုပ်ငန်းများစတင်ဆောင်ရွက်

Mon, 02/25/2013 - 06:16 -- ydnar

တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့မှစပြီး တစ်နိုင်တစ်ဆွဲ သယ်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်း ရှင်များအား ITC ကတ်များ ထုတ်ပေးမှာဖြစ်ကြောင်း ဒေသနေပြည်သူ များအား အသိပေး ထားသော်လည်း တာချီလိတ်ဒေသတွင် လားဟူနှစ်သစ်ကူး ပွဲတော်ကာလနဲ့ တရုတ် နှစ်သစ်ကူး ကာလများ တိုက်ဆိုင်နေသဖြင့် နှစ်သစ်ကူးပွဲတော်ကာလများပြီးတဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှသာစတင်လျှောက် ထားမှုများရှိခဲ့ပါတယ်။ ၁၄ ရက် နေ့မှ ၂၁ ရက်နေ့ထိ  ITC  ကတ်ထုတ်ပေးမှု ၁၂ စောင်ရှိခဲ့ပြီးကျိုင်းတုံဒေသ၊ တာချီ လိတ် မြို့နဲ့ တာလေကျေးရွာမှ လျှောက်ထားမှုများရှိခဲ့ပါတယ်။ လိုင်စင်လျှောက် ထားမှု အနေဖြင့် သွင်းကုန်လိုင်စင် လေးစောင်လျှောက်ထားခဲ့ပြီး တန်ဖိုးအားဖြင့် ၁၄၄၄၈၃၆၅ ကျပ်ဖြစ်ပါတယ်။ အဓိကလျှောက်ထား တဲ့ပစ္စည်းများမှာ ခေါင်းလျှော် ရည်၊ ဆပ်ပြာမှုန့်၊ မင်းဂွတ်သီး၊ မန်ကျည်းသီး၊ သရက်သီး တို့ဖြစ်ကြပြီး လူသုံးကုန် ပစ္စည်းများလည်း လျှောက်ထားခဲ့ကြောင်း တွေ့ရှိရပါတယ်။  ITC  ကတ်ဖြင့် လိုင်စင် လျှောက်ထားသူ များအနေဖြင့်တာချီလိတ်ဒေသတွင် FDA  ရုံးမရှိသဖြင့် စားသောက် ကုန်များတင်သွင်းရာ တွင် အခက်အခဲများစွာ ရှိနေကြောင်း ဒေသခံများရဲ့ပြောကြား ချက်အရ သိရပါတယ်။ နယ်စပ်ဒေသဖြစ်သဖြင့် တစ်ဖက်နိုင်ငံမှ စားသောက်ကုန် များကိုသာ အဓိကအားထား စားသောက်တဲ့ဒေသဖြစ်သဖြင့် စားသောက်ကုန်များ အား လိုင်စင်လျှောက်ထားရာတွင် လွယ်ကူသည့် အစီအစဉ်များ ပြုလုပ်ပေး သင့် ကြောင်း ဒေသခံများ ရဲ့ပြောကြားချက်အရ သိရပါတယ်။Source:နကသ (တခလ)၊ကျော်စိုးဝင်း