Main menu

Background

ပင်လယ်ရေကြောင်းမှ ရော်ဘာတင်ပို့မှု တန်ချိန် ၅၀၀ ရှိ

Mon, 02/25/2013 - 06:20 -- ydnar

ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၆ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၁ ဒသမ ၄၇၅ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ တန်ချိန် ၅၀၀ ကို တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့မှုတွေကတော့ စင်္ကာပူနိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၄၂၇ သန်းတန်ဖိုးရှိRSS-3 တန်ချိန် ၁၆၀၊ မလေးရှားနိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၈၈၅ သန်းတန်ဖိုးရှိ RSS-3 တန်ချိန် ၃၀၀ နှင့် ကန်ဒေါ်လာ သုည ဒသမ ၁၁၈ သန်းတန်ဖိုးရှိMSR-20  တန်ချိန် ၄၀ တို့ဖြစ်ပါတယ်။ နိုင်ငံတကာ ရော်ဘာပေါက်ဈေးမှာ အနည်းငယ်သာအတက်ရှိသဖြင့် မြန်မာနိုင်ငံ ရော်ဘာပေါက်ဈေး မှာ ယခင်အပတ်အတိုင်း ပြောင်းလဲမှု မရှိတာကို တွေ့ရပါတယ်။ RSS-1 တစ်တန်လျှင် ဒေါ်လာ ၃၀၅၀-၃၁၅၀၊ RSS-3 နဲ့ MSR-20  တစ်တန်လျှင် ဒေါ်လာ ၂၉၅၀-၃၀၅၀၊ RSS-5 နဲ့ MSR-50 တစ်တန်လျှင် ဒေါ်လာ ၂၈၅၀-၂၉၅၀၊MSR-10   တစ်တန်လျှင် ဒေါ်လာ ၃၀၀၀-၃၁၀၀၊ Crepe Rubber   တစ်တန်လျှင် ဒေါ်လာ ၂၇၅၀-၂၈၅၀ ဖြစ်ကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးသူများနဲ့ ထုတ်လုပ်သူများအသင်းက ထုတ်ပြန်ထားပါတယ်။MIRT (DOBT)