Main menu

Background

ဖေဖော်ဝါရီလ တတိယပတ်ရော်ဘာဈေးနှုန်းများ သိသိသာသာ ပြောင်းလဲမှုမရှိ တည်ငြိမ်နေ

Mon, 02/25/2013 - 06:23 -- ydnar

ဖေဖော်ဝါရီလ တတိယပတ်အတွင်း ရော်ဘာဈေးနှုန်း များဟာ သိသိသာသာ ပြောင်းလဲမှုမ ရှိဘဲတည်ငြိမ် နေတာကို တွေ့ရပါတယ်။ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ထိုင်းရော်ဘာ  RSS-5 (မှိုင်းခံရာဘာအဆင့်-၅) က တစ်တန်ကို ၃၂၄၈ ဒေါ်လာဖြစ်ရာ ယခင်တစ်ပတ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ဈေးနှုန်းဖြစ်တဲ့ ၃၂၅၀ ဒသမ ၅၀ ဒေါ်လာနဲ့ ယှဉ်ရင် မဆို စလောက်လေးသာ အားနည်းနေတယ်။

တရုတ်နိုင်ငံရဲ့ ရော်ဘာဝယ်လိုအားလျော့နည်းလာနိုင် တယ်လို့ မျှော်လင့်ခြင်းနဲ့ ထိုင်းအစိုးရက မတ်လမှာ သက် တမ်းကုန်ဆုံးမယ့် ရော်ဘာဈေးကွက်ပေါက်ဈေး အထက်ပေး ပြီး ဝယ်ယူတဲ့အစီအစဉ်ကို ပြန်လည် အကောင်အထည်ဖော် မှာမဟုတ်ကြောင်းထုတ်ပြန်ကြေညာလိုက်ခြင်းတို့က ရော်ဘာ ဈေးနှုန်းအပေါ် ဖိအားဖြစ်စေ တယ်။
 
ရှန်ဟိုင်းကြိုပွိုင့်ရောင်းဝယ်ရေးမှာလည်း ဇန်နဝါရီလ အတွင်း သဘာဝရော်ဘာသိုလှောင်ထားမှု ပမာဏက ၁၂၀၁ တန်တိုးလာကာ တန်ချိန် ၁၀၀,၀၁၅ အထိရောက်ရှိလာပြီး သုံးနှစ်နီးပါးကာလအတွင်း အမြင့်ဆုံးနီးပါးနှုန်း အထိ ရောက်ရှိ လာတယ်။ ၎င်း     သတင်းက ရော်ဘာဈေးနှုန်းအပေါ် သက် ရောက်မှု ဖြစ်စေသော်လည်း ထိုင်းနိုင် ငံ ရော်ဘာ ထုတ်လုပ်မှု ဟာ လာမယ့်ရက်သတ္တပတ်အနည်းငယ်မှာ ကျဆင်းမယ်လို့ မျှော်လင့်ထားတဲ့အတွက် လက်ရှိဈေးနှုန်း ကျဆင်းမှုကို အကန့်အသတ်ဖြစ်စေတယ်။ နွေရာသီရောက်လာတဲ့ အတွက် ရော်ဘာထွက်နှုန်း ကျဆင်းမှုဖြစ်ခြင်းက ရောင်းလိုအားကို လျော့ကျစေမှာဖြစ်တယ်လို့ ဆိုကြပါတယ်။           ပပ