Main menu

Background

မုံရွာကုန်စည်ဒိုင် ဂျုံသစ်ဈေးကွက် စက်သမားအဝယ်သွက်

Mon, 02/25/2013 - 06:24 -- ydnar

မုံရွာကုန်စည်ဒိုင် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီတတိယပတ် ဂျုံသစ်ပေါ်ချိန်မှာ ချင်းတွင်းမြစ်အနောက်ဖက်ကမ်း မြို့နယ် တွေဖြစ်ကြတဲ့ ဆားလင်းကြီး၊ ယင်းမာပင်နဲ့ ပုလဲမြို့နယ်တွေ က အစောဆုံးစိုက်ခဲ့ကြ လို့ ဈေးကွက်ထဲအဝင် စောခဲ့တာတွေ့ ရပါတယ်။ ပြီးခဲ့တဲ့ ဂျုံစိုက်ရာသီက မုံရွာတစ်ခရိုင်လုံး ဧက ၉၀၀၀၀ နီးပါးစိုက်ခဲ့ကြပြီး၊ ဘုတလင်၊ ချောင်းဦးနယ်တွေက ဧက ၂၀၀၀၀ ကျော်စီနဲ့ ဆားလင်းကြီး၊ ယင်းမာပင်၊ ပုလဲမြို့ နယ်တွေက ဧက ၁၀၀၀၀ ကျော်စီ အများဆုံးစိုက်ခဲ့ကြတယ် လို့ သိရပါတယ်။

မနှစ်က ကာလတူ မုံရွာကုန်စည်ဒိုင် ဂျုံဈေးကွက်မှာ အထွက်တိုး တစ်တင်း ၁၀၀၀၀ ကျပ်၊ ဂျုံဖြူသန့်တစ်တင်း  ၁၄၈၀၀ ကျပ်သာ အမြင့်ဆုံးပေါက်ခဲ့ပြီး၊ ယခုနှစ်မှာတော့ အထွက် တိုးတစ်တင်း ၁၂၀၀၀ ကျပ်နဲ့ ဂျုံဖြူသန့်တစ်တင်း ၁၉၀၀၀ ကျပ်ထိ ပေါ်ဦးပေါ်ဖျားမှာ ဈေးကောင်းရခဲ့တာ တွေ့ ရပါတယ်။ ဒီတစ်ပတ်အတွင်း ဂျုံသစ်အဝင်သွက်လာလို့ တစ်တင်း ၁၆၂၀၀ ကျပ်ထိ ဈေးကျဆင်းသွားခဲ့ပေမဲ့ တစ်ရက် အိတ် ၅၀၀ မှ ၁၀၀၀ ကြား နေ့စဉ်ပုံမှန် အရောင်း အဝယ်ဖြစ် ခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ လောလောဆယ် ဂျုံဈေး ကွက်မှာတော့ မန္တလေး၊ ရန်ကုန်ဝယ်လက်  အဝယ်မဆင်း သေးဘဲ ဒေသတွင်းဂျုံစက်သမားအဝယ်ကြောင့် အရောင်း အဝယ်ပုံမှန်ရှိနေတယ်လို့သိရပါတယ်။ ထွန်းလှိုင်-မုံရွာ