Main menu

Background

မလေးရှားနိုင်ငံမှ ပုစွန်မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်

Mon, 02/25/2013 - 06:25 -- ydnar

မလေးရှားအစိုးရသည် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်လျက်ရှိရာ ပုစွန်ဖြူမွေးမြူရေးလုပ်ငန်း ဆောင် ရွက်နိုင်ရန်အတွက် မြေဧရိယာ ဟက်တာပေါင်း ၁၀၉၀ ဟက် တာကို အတည်ပြုပေးခဲ့ကြောင်း သိရသည်။အတည်ပြုပေးခဲ့သည့်နေရာမှာ Terenggaru  အရှေ့ အလယ်ပိုင်းဖြစ်ပြီး အဆိုပါ ပုစွန်ဖြူမွေးမြူရေးအတွက် ရင်း နှီးမြှုပ်နှံမှုမှာ မလေးရှားရင်းဂစ် ၁ ဒသမ ၈ ဘီလျံ (အမေ ရိကန်ဒေါ်လာ ၅၇၇ ဒသမ ၈သန်း)ဖြစ်ကြောင်း သတင်းများ က ဖော်ပြထားချက်များအရ သိရသည်။

အဆိုပါ ပုစွန်ဖြူ မွေးမြူရေးလုပ်ငန်းကို မလေးရှားနိုင်ငံမှ  Ocean Aquatic Marine နှုင့် Chinese Shrimp Giant Zhanjiiang Guolian တို့ ဖက်စပ်စနစ် ဖြင့်ပူးပေါင်း ဆောင် ရွက်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပုစွန်ဖြူမွေးမြူရေး လုပ်ငန်းမှ ထွက်ရှိလာသည့် ပုစွန်ဖြူများကို အမေရိကန်၊ အီးယူနှင့် တရုတ်နိုင်ငံသို့ တင်ပို့မည်ဖြစ်ကြောင်း သိရသည်။မလေးရှားနိုင်ငံအနေဖြင့် ပုစွန်ဖြူမွေးမြူရေး လုပ်ငန်း အား တိုးချဲ့ရန် စီစဉ်လျက်ရှိသည့်အပြင် အခြားမွေးမြူရေး လုပ်ငန်း စီမံကိန်းဆောင်ရွက်မည့် Blue Archipelago  သည် Khanganah National  ၏ငွေကြေးထောက်ပံ့မှုဖြင့် ပုစွန် သားပေါက်လုပ်ငန်း၊ ပုစွန်အစာစပ် လုပ်ငန်း၊ အစာပြုပြင် ထုတ်လုပ်မှုလုပ်ငန်းနှင့် ပြည်ပသို့တင်ပို့သည့်လုပ်ငန်းများ ကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ယင်းကဲ့သို့ မွေးမြူရေးလုပ်ငန်းများကို တိုးချဲ့ပြီး ပြည်ပ ပို့ကုန်တိုးမြှင့်ရေးအတွက် ဆောင်ရွက်ရာတွင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ တစ်ဘီလျံ တိုးတက်ရရှိရေးအတွက် နော်ဝေနိုင်ငံမှ ကူညီသွားမည်ဖြစ်ကြောင်းနော်ဝေနိုင်ငံ အစိုးရ က ကြေညာထားကြောင်း သိရသည်။Ref: T.H, INFOFSIH International